ခွပ်!
"ပါး.. ! ကျွန်တော့်မျက်နှာကိုဘာလို့ထိုးတာလဲ.. ဘာလဲကျွန်တော်က ရောင်းစားချင်တိုင်း..ရောင်းစားလို့မရလို့လား! "
" မင်းပါးစပ်ပေါက်ကိုပတ်ထား လရောင်ဆိုင် မင်းအခုလိုမျိုး ငါ့ကိုပြန်ပြောမယ့်သတ္တိတွေ ဘယ်လိုရလာတာလဲ "
အဖေဖြစ်သူက ဂေါက်တံကို ကိုင်ပြီး ပွတ်သပ်နေသည်။ သူ့ သား ကိုကြည့်ပြီး သူမသားနိုင် သူ့ကုမ္ပဏီမနစ်မြုပ်ဖို့သာ သား ကိုထိုးကျွေး မိန်းမကိုထိုးလို့ရရင် ထိုးကျွေးလိုက်သည်။ ဒါပေမဲ့ သူသမီး ကိုလာထိရင်တော့ မကောင်းဆိုးဝါးတစ်ကောင်လိုယုတ်မာလှသည်။
"သွားပါ့မယ်! ပါပါးကုမ္ပဏီအတွက်သွားပါ့မယ် "
"ဒီလိုမှပေါ့"
ဒီလိုနဲ့ ပါပါး ကသူပြောချင်တာပြောပြီး ကျွန်တော့် အခန်းထဲက ထွက်သွားသည်။ ကိုယ့်သားစိတ်ဆန္ဒကိုတစ်ခါမှ မေးမြန်းခြင်းမရှိ မရလျှင် ရိုက်ဖို့သာ တွေးနေတဲ့ ပါပါး ကိုမုန်းမိသည်။ တစ်ခါတစ်လေ ကိုယ့်ကို ကိုယ်သားအရင်းမှဟုတ်ရဲ့လားသံသယ ဝင်မိသည်၊ဒီလိုတွေးမိတိုင်းဝမ်းနည်းမိသည်။ ဒီဘဝကနေအမြန်ကျွတ်ချင်မိသည်။
ဒီလိုနဲ့ဒီနေ့ကစပြီး ကျွန်တော့်ဘဝကို ကျွန်တော်မပိုင်တော့ဘဲ တခြားသူ သာပိုင်တော့သည်။ ထိုလူနာမည်က ဦးခွန်မြတ်ဟန် ကျွန်တော်နဲ့အသက်အများကြီးကွာသည် ။ ခန္ဓာကိုယ်ချင်းယှဥ်ရင် ကျွန်တော်က သိပ်မဖွံ့ဖြိုး၊ ငယ်ငယ်ထဲကချူချာတာမို့ နည်းနည်းအအေးဓာတ်မိတာနဲ့တခြား သူတွေလို နှာမစေးဘဲ ဗိုက်အောင့်တတ်သည်။
ဒါပေမဲ့ ကျွန်တော်အမြဲ ကြံ့ခိုင်နေသည်၊ နို့ပေမဲ့ ယောက်ျားနဲ့မတူဘဲသေးသွယ်တဲ့ ကျွန်တော့်ခန္ဓာကိုယ်က တစ်ချက်ထိုးရင် လဲကျမယ့်ပုံစံ ဖြစ်သည်။ ဘယ်လောက်ပဲအစားတွေစားပါစေ မဝလာတဲခန္ဓာကိုယ်ကြောင့်စိတ်ညစ်မိသည်။ ဒီလူကြီးကတော့ ကျွန်တော်နဲ့မတူပါဘူး။
တောင့်တင်းတဲ့ဗလတွေနဲ့ အရပ်က ၆ပေလေါက်ရှိသည်။ မျက်နှာကလည်းစောက်ရမ်းချောမောနေတာမို့ ကျွန်တော် သိပ်ကို မနာလိုဖြစ်မိသည်။ဒီနေ့ သူနဲ့ ကျွန်တော်နဲ့ လက်ထပ်ပွဲနေ့ ၊ ဒီလူကြီး ဘယ်လိုနေမလမသိပေမဲ့ ကျွန်တော် တော်လုံးဝစိတ်လှုပ်ရှားသည်။
YOU ARE READING
My Dear Sia