Unicode
"Mommy...သား ပန်းချီဆွဲဖို့ ရေကန်ဘက်သွားလိုက်ဦးမယ်နော် မွ.."
"အင်း..သား Daddy ပြန်မရောက်ခင် အမြန်ပြန်လာနော်"
"သိပါတယ် Mommy ရဲ့..Daddy သိရင်သားဆူခံထိမှာပေါ့"
"ဟုတ်ပါပြီ.. ဒီနေ့ အေးတယ်နော် သားလေး.. အနွေးထည်ထူထူဝတ်သွားဦး"
"ဟုတ်ကဲ့ Mommy.."
Harry တစ်ယောက် မီးဖိုခန်းမှာ ညနေစာချက်နေတဲ့ mommy ပါးလေးကိုနမ်းပြီး သူပန်းချီဆွဲဖို့အတွက် စိတ်ငြိမ်ရာနေရာလည်းဖြစ်၊ လူလည်းသိပ်မရှိတဲ့ အိမ်နဲ့နီးတဲ့ ရေကန်လေးကို ထွက်လာလိုက်တယ်။
Harry က 18နှစ်အရွယ်နဲ့ ပန်းချီဘက်မှာ အရမ်းဝါသနာပါပြီး တော်တဲ့ လူငယ်လေးတစ်ဦးပေါ့။ မိဘနှစ်ယောက်လုံးကလည်း တစ်ဦးတည်းသော သားလေးစိတ်အလိုကျ ဝါသနာပါရာကို လုပ်ခွင့်ပေးထားခဲ့တယ်။
Harry ရဲ့ Daddy James Potter ကတော့ အရမ်းတော်တဲ့ စုံထောက်တစ်ဦး။ မှောင်ခိုဂိုဏ်း၊ Mafia ဂိုဏ်းအရမ်းနာမည်ကြီးတဲ့ ဂိုဏ်းတွေတောင် ဖမ်းမိနိုင်တဲ့ လူတစ်ယောက်ပေါ့။
အဲ့လိုလူတစ်ယောက်ဖြစ်တဲ့အတွက် ရန်သူတွေလည်းများလွန်းပါတယ်။ မိသားစုကို ခြိမ်းခြောက်မှုတွေလည်း ခဏခဏကြုံတွေ့ခဲ့ရတယ်။ အဲ့လိုကိစ္စတွေကြောင့် သားလေးကို စိတ်မချလို့ James Potter ကတော့ ကျောင်းချိန်ကလွဲပြီး အပြင်လုံးဝမထွက်ခိုင်းပါ။
သို့ပေမယ့် Lily Potter ကတော့ တစ်ခါတစ်လေ သားအလိုကျ James ပြန်မလာခင် အိမ်နဲ့နီးတဲ့ရေကန်လေးကိုတော့ သွားခွင့်ပြုထားတယ်။ အစကတော့ စိတ်မချချင်ပေမယ့် ဘာမှမဖြစ်ပါဘူး Mommy ရယ်ဆိုတဲ့ သားရဲ့ချွဲတတ်တဲ့ အကျင့်လေးကြောင့် နောက်ဆုံးတော့ ခွင့်ပြုပေးလိုက်ရတော့တာပါဘဲ။
မိဘတွေက မိသားစုကို အန္တရာယ်ပေးချင်တဲ့ သူတွေကြောင့် စိတ်မချရသလို Harry ရဲ့ 18 နှစ်အရွယ်နဲ့မလိုက်တဲ့ ကလေးဆန်မှုလေးတွေ၊ ချစ်စရာကောင်းမှုလေးတွေကြောင့် စိတ်မချနိုင်တာလည်း ပါပါတယ်။
Harry ကချစ်စရာကောင်းသလောက် မိဘနဲ့၊ သူငယ်ချင်း ၂ ယောက်အပေါ်မှာလည်း ကလေးဆိုးလေးဆိုးတတ်သေးတယ်။ အဲ့လူတွေကလွဲရင်တော့ မဆိုးတတ်ဘဲ လူကြီးလေးလိုနေပေမယ့်လည်း ကလေးက လူကြီးလေးနေသလို ဖြစ်နေပြန်တော့ တမျိုးချစ်စရာကောင်းနေပြန်တယ်။
YOU ARE READING
𝗜'𝗺 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗬𝗼𝘂