Ep ( 4 )

682 65 13
                                    

Unicode

ဟိုလူကြီးရဲ့ စကားအဆုံး သူ့လူ​တွေက Harry ကို ဝိုင်းချုပ်ပြီး စလိုက်မီး​​ရောင်စုံ​တွေနဲ့ ကခုန်​နေကြတဲ့ ​နေရာကို ​​ခေါ်လာခဲ့ကြတယ်။ ဒီ​နေရာက Bar ဆိုတာ Harry သိလိုက်ရတယ်။ သူငယ်ချင်း​တွေက "Bar သွားကြမယ် လိုက်မလား Harry " ဆိုပြီး ​ခေါ်တတ်ပေမဲ့ သူတစ်ခါမှမ​ရောက်ဖူးပါ။ Daddy ကိုယ်တိုင်ကလည်း ဒီလို​နေရာ​တွေကို မလွှတ်ဘူး​လေ။ ​အေးဆေး​နေတတ်တဲ့ သူ့အတွက်​တော့ ဒီ​နေရာက အဆင်မ​ပြေပါ။

ထိုလူ​တွေက Harry ကို အဖြူ​ရောင်အခန်းတစ်ခုဆီ ဆွဲ​ခေါ်လာကြတယ်။ ထိုအခန်းမှာ ​ယောက်ျား​လေး​တွေက မှန်​ရှေ့ထိုင်ပြီး မိတ်ကပ်ပြင်​နေကြတဲ့သူရှိသလို မ​ပေါ့်တ​ပေါ် အင်္ကျီ​တွေကို ဝတ်​နေကြသူ​တွေလည်းရှိတယ်။ Harry အတွက်​တော့ အထူးအဆန်း​နေရာ​ရောက်သလို ​ကြောင်အစွာ လိုက်ကြည့်​နေမိပါတယ်။ ခဏကြာ အနီ​ရောင် ​ဒေါက်မြင့်စီးလာတဲ့ ဆံပင်ပန်း​ရောင်နဲ့​ကောင်မ​လေးတစ်​ယောက် ဝင်လာခဲ့တယ်။ သူက Harry ​ဘေးမှာ ဝင်ထိုင်ပြီး Harry ကို ဖမ်းထားတဲ့ သူ​တွေကို တစ်ချက်မျက်လုံးလှန်ကြည့်ပြီး ..

" ကတုံး​ကောင်​တွေ .. နင်တို့ အလှ​လေး​တွေကို ကြည့်ချင်တာနဲ့ ရပ်မ​နေကြနဲ့ တာဝန်ပြီးရင်သွား​တော့! "

မိန်းမလှ​လေးစကားအဆုံး ထိုလူ​တွေက တချက်မ​ကျေမနပ်ဖြစ်သွား​ပေမဲ့ ဘာမှပြန်​ပြောမ​နေဘဲ ထွက်သွားကြပါတယ်။ ထိုအချိန် သူ့​ဘေးက မိန်းမလှ​လေးလို့ သူထင်ခဲ့​သောသူက ဖက်ကနဲ ပန်း​ရောင်ဆံပင်တုကြီးကို ချွတ်ပြီး ​ဘေးက ဆိုဖာခုံ​ပေါ် ပစ်တင်လိုက်တယ်။ Harry မျက်လုံးအပြူးသားလိုက်ကြည့်​နေမိတယ်။ သူထင်ထားတာ မိန်းမလှ​လေးမဟုတ်ဘဲ ​ယောက်ျား​လေးကြီးဖြစ်​နေတာ​ပေါ့။

" တို့က Rose လို့ ​ခေါ်တယ်.. ဒီမှာ အတူတူလုပ်ရမှာဆို​တော့ ဘာဖြစ်ဖြစ် တိုင်ပင်လို့ရတယ် ဟုတ်ပြီလား .. မင်းက​ရော.."

" Harry.. Harry Potter ပါ.. ဟီး "

​ခြေတစ်ဖက်ချိတ်ထိုင်​နေပြီး မိတ်ဆက်လာသူကို Harry ပြန်​ဖြေလိုက်မိ​တော့ Rose က တစ်ချက်ပြုံးပြီး ဆံပင်​တွေကို ကိုင်ကြည့်လာတယ်။

You've reached the end of published parts.

⏰ Last updated: Mar 24, 2023 ⏰

Add this story to your Library to get notified about new parts!

𝗜'𝗺 𝗙𝗮𝗹𝗹 𝗜𝗻 𝗟𝗼𝘃𝗲 𝗪𝗶𝘁𝗵 𝗬𝗼𝘂Where stories live. Discover now