Butterfly [Unicode✓]

1.1K 85 29
                                    

"ဟျောင်းက ကျွန်တော်မထိရက်မကိုင်ရက်တဲ့ လိပ်ပြာလေးလိုမျိုးဘဲ...ထိမိလိုက်တာနဲ့ ကျွန်တော်နဲ့ဝေးရာကိုထွက်သွားတတ်တယ်။"

ဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်နေသော ကောင်လေးတစ်ယောက်ရှိနေခဲ့သည်။

"ရားး Kim Sunoo ဆိုင်ကိုခဏကြည့်ပေးထားဉီး။ ငါအရေးတကြီး သွားစရာရှိလို့"

"အော် ဟုတ်ကဲ့ပါဗျ"

ဆိုင်ရှင်ကြီးHeeseunfရဲ့အမိန့်အရ ဆိုင်ကိုသေသေချာချာ စောင့်ရှောက်ရဉီးပေမည်။
ကင်မ်ဆောနူလေးတစ်ယောက် လုပ်လက်စအလုပ်ကိုလက်စသက်ကာ စတိုးဆိုင်၏ အဝင်ပေါက်နားတွင်တည်ရှိသော ငွေရှင်းကောင်တာလေးနားသို့ခြေလှမ်းများကစဉီးတည်လာသည်။

"ကလင်..ကလင်..."

"10 months caféမှကြိုဆိုပါတယ်။"

လူဝင်လာလျှင်အသိပေးစေလိုသော ကိရိယာလေးအား ဆိုင်၏ အဝင်/အထွက်ပေါက်တွင် တပ်ဆင်ထားခြင်းဖြစ်သည်။
ထို့ကြောင့် Caféထဲလူဝင်လာသည်ကို ဆောနူတစ်ယောက်သိနေခြင်းဖြစ်သည်။

"ငါးပေါင်မုန့် နှစ်ခုလောက်နဲ့ ဆူရှီတစ်ပွဲ"

"အာ ဟုတ်"

လာမှာသည့်သူမှာ ဉီးထုပ် အမည်းရောင် ၊ မျက်နှာပေါ်တွင်လဲ တပ်ထားသော Maskကလဲအမည်း။ ကုတ်နက်ပြာရောင်ကိုလဲ ဝတ်ဆင်ထားသေးသည်။ ထို့အပြင် အဖြူရောင်ပေါ်တွင် အပြာရောင်အစင်းလေးများရှိစေသော T-shirtလေးအား ဝတ်ထားသေးပါသည်။အောက်မှခြေမျက်စိထိရှည်သော ဘောင်းဘီအားနှင့်တကွ ခါးဘက် လေးလဲပါသေးပါသည်။ ထိုအပြင်အဆင်များကို ဆောနူကောင်းကောင်းမှတ်မိနေပါသည်။ တစ်မျိုးပြောရရင်တော့ကွာ ဉီးနှောက်ထဲထိ စွဲနေတဲ့ သူ၏ ပုံစံကိုသေသေချာချာ မှတ်မိနေသလိုမျိုးပေါ့။

မျက်နှာကိုအုပ်ထားတာဖို့ သေချာမမြင်ရပေ။

ဆိုင်ထဲတွင် ခုံ စားပွဲတွေကလွဲ၍ 23နှစ်ဆိုသည့် ကောင်လေးနှင့် 20နှစ်ဆိုသည့်ကောင်လေးတို့သာရှိနေကြသည်။

မှာထားတာတွေရပြီမို့ ဆောနူတစ်ယောက် ငါးပေါင်မုန့်နှစ်ခုနဲ့ဆူရှီတစ်ပွဲအား Ni-kiထိုင်နေသော စားပွဲဆီသို့သွားရောက်ပေးရှိခဲ့သည်။

BUTTERFLY | Sunki Where stories live. Discover now