"ဟျောင်းက ကျွန်တော်မထိရက်မကိုင်ရက်တဲ့ လိပ်ပြာလေးလိုမျိုးဘဲ...ထိမိလိုက်တာနဲ့ ကျွန်တော်နဲ့ဝေးရာကိုထွက်သွားတတ်တယ်။"
ဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်နေသော ကောင်လေးတစ်ယောက်ရှိနေခဲ့သည်။
"ရားး Kim Sunoo ဆိုင်ကိုခဏကြည့်ပေးထားဉီး။ ငါအရေးတကြီး သွားစရာရှိလို့"
"အော် ဟုတ်ကဲ့ပါဗျ"
ဆိုင်ရှင်ကြီးHeeseunfရဲ့အမိန့်အရ ဆိုင်ကိုသေသေချာချာ စောင့်ရှောက်ရဉီးပေမည်။
ကင်မ်ဆောနူလေးတစ်ယောက် လုပ်လက်စအလုပ်ကိုလက်စသက်ကာ စတိုးဆိုင်၏ အဝင်ပေါက်နားတွင်တည်ရှိသော ငွေရှင်းကောင်တာလေးနားသို့ခြေလှမ်းများကစဉီးတည်လာသည်။"ကလင်..ကလင်..."
"10 months caféမှကြိုဆိုပါတယ်။"
လူဝင်လာလျှင်အသိပေးစေလိုသော ကိရိယာလေးအား ဆိုင်၏ အဝင်/အထွက်ပေါက်တွင် တပ်ဆင်ထားခြင်းဖြစ်သည်။
ထို့ကြောင့် Caféထဲလူဝင်လာသည်ကို ဆောနူတစ်ယောက်သိနေခြင်းဖြစ်သည်။"ငါးပေါင်မုန့် နှစ်ခုလောက်နဲ့ ဆူရှီတစ်ပွဲ"
"အာ ဟုတ်"
လာမှာသည့်သူမှာ ဉီးထုပ် အမည်းရောင် ၊ မျက်နှာပေါ်တွင်လဲ တပ်ထားသော Maskကလဲအမည်း။ ကုတ်နက်ပြာရောင်ကိုလဲ ဝတ်ဆင်ထားသေးသည်။ ထို့အပြင် အဖြူရောင်ပေါ်တွင် အပြာရောင်အစင်းလေးများရှိစေသော T-shirtလေးအား ဝတ်ထားသေးပါသည်။အောက်မှခြေမျက်စိထိရှည်သော ဘောင်းဘီအားနှင့်တကွ ခါးဘက် လေးလဲပါသေးပါသည်။ ထိုအပြင်အဆင်များကို ဆောနူကောင်းကောင်းမှတ်မိနေပါသည်။ တစ်မျိုးပြောရရင်တော့ကွာ ဉီးနှောက်ထဲထိ စွဲနေတဲ့ သူ၏ ပုံစံကိုသေသေချာချာ မှတ်မိနေသလိုမျိုးပေါ့။
မျက်နှာကိုအုပ်ထားတာဖို့ သေချာမမြင်ရပေ။
ဆိုင်ထဲတွင် ခုံ စားပွဲတွေကလွဲ၍ 23နှစ်ဆိုသည့် ကောင်လေးနှင့် 20နှစ်ဆိုသည့်ကောင်လေးတို့သာရှိနေကြသည်။
မှာထားတာတွေရပြီမို့ ဆောနူတစ်ယောက် ငါးပေါင်မုန့်နှစ်ခုနဲ့ဆူရှီတစ်ပွဲအား Ni-kiထိုင်နေသော စားပွဲဆီသို့သွားရောက်ပေးရှိခဲ့သည်။