1

604 72 0
                                    

Seoul City ရဲ့ ညခင်း ဟာ အရမ်းလှပါတယ် ။ နွေရာသီ ညခင်းမို့ ဟန်မြစ်တံတားပေါ်မှာရော မြစ်ကမ်းဘေး မှာရော လမ်းလျှောက်ထွက်ကြတဲ့ စုံတွဲတွေ ဟာလည်း တစ်ယောက်လက်တစ်ယောက် ချိတ်ထားရင်း ပျော်မြူးလို့ပဲ ။ နာမည်ကြီးအနုပညာရှင် ဆယ်လီ တစ်ချို့တောင်တိတ်တိတ်လေး လာချိန်းတွေ့နေကြသေးတယ် ။

အဲ့ဒီညခင်းရဲ့ လှပမှုကို လောင်မြိုက်ပြီး ဖျက်ဆီးချင်နေတဲ့ လူငယ်တစ်ယောက်တော့ ရှိနေပါတယ် ။ သူ့လက်ထဲမှာ သောက်လက်စ စီးကရက်တစ်လိပ်ဟာ အငွေ့တလူလူနဲ့ ပါလာတယ် ။ လူတွေက နှာခေါင်းရှုံ့ရင်း သူ့ကိုရှောင်သွားကြပေမယ့်  ဂရုစိုက်ပုံမရပဲ ယိုင်တိယိုင်ထိုး လမ်းလျှောက်နေတုန်းပဲ ။

လူသွားလမ်းရှိပေမယ့် တစ်ခါတစ်လေ ကားလမ်းပေါ် သွားရပ်နေလို့ ကားမောင်းတဲ့သူတွေက ဆဲဆိုသွားကြ ။

"သေချင်လို့လား !! "

"အေး !! ဘာလို့ မတိုက်ပစ်လိုက်ရတာလဲ
ချီးလိုကောင်တွေ !! "

အဆဲစကားတွေလည်း အော်ကြီးဟစ်ကျယ်ပြောနေလို့ မိသားစုလိုက် လမ်းလျှောက်နေကြတဲ့သူတွေက သူတို့ ကလေးတွေရဲ့ နားနှစ်ဖက်ကို ပိတ်ထားကြပြီး နေရာကနေ ခပ်သွက်သွက် လျှောက်သွားကြတယ် ။

"ဒီနေ့တော့ ကျက်သရေတုန်းတာပဲ "

"Seoul မြို့ရဲ့ ညအလှတရားကို ဖျက်ဆီးနေတာပဲ "

တစ်ချို့တွေက သူ့ကိုကြည့်ပြီး  စိတ်ပျက်လက်ပျက် ငြီးငြူသွားကြတယ် ။ သူကတော့ စီးကရက် တစ်ရှိုက်ဖွာလိုက် ၊ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ လျှောက်သွားလိုက် နဲ့ တစ်စုံတစ်ခုကို ရှာဖွေနေသလိုပဲ ။

"ဟော !! "

ဗလတောင့်တောင့် အမျိုးသားတစ်ယောက်နဲ့ ငယ်ရွယ်ပြီး လှပတဲ့ ကောင်မလေးတစ်ယောက်လက်ချင်းတွဲပြီး သူ့မျက်စိ ရှေ့မှာပဲ လမ်းလျှောက်နေကြတယ် ။

ပစ်မှတ်ကို ရှာတွေ့သွားသလိုပဲ ။ ယိုင်တိယိုင်ထိုး သွားနေရင်း နဲ့ အဲ့ဒီ စုံတွဲ ကို ဝင်တိုက်မိတယ် ။ မဟုတ်သေးဘူး တမင်တကာ ကို ဝင်တိုက်ပစ်လိုက်တာ ။

"ဟေ့ !! မူးနေတာလား  လမ်းကို ကြည့်လျှောက်လေ "

အမျိုးသားက ရန်စကား ဆိုတော့ သူက ထီမထင်သလို ခပ်မဲ့မဲ့ ပြုံးလိုက်တယ် ။

Seoul City Night Where stories live. Discover now