2

356 66 2
                                    

ည ၁၀ နာရီဆိုတာ နည်းနည်းနောက်ကျနေပေမယ့် မြို့ကြီး တစ်မြို့မှာတော့ အရမ်း ညနက်နေတာမျိုးတော့ မဟုတ်သေးဘူးပြောရမယ် ။ မီးရောင်တွေ အောက် မှာ အတိအကျ ပြောရရင် တံတားပေါ်က လူသွားစင်္ကြန် ထက် နည်းနည်းပိုမြင့်တဲ့နေရာမှာ လူနှစ်ယောက် က တိတ်ဆိတ်စွာ ထိုင်နေကြတယ် ။

မျက်နှာမှာ ဖူးယောင်ဒဏ်ရါတွေနဲ့ လူဆိုးလေးဟာ သူ့ရှေ့က လူကို လမ်းမီးရောင် ကို အားကိုးပြီးတော့ပဲ ငေးကြည့်တယ် ။ အဲ့ဒီလူက သူ့ရဲ့ အပေါ် Suit ကို ချွတ်ထားပြီး အထဲက ရှပ်အင်္ကျီအဖြူ နဲ့ necktie ကို အနည်းငယ် ဖြေလျော့ ထားတာ မသပ်မရပ် ဖြစ်နေပေမယ့် အဲ့ဒါက ပိုလို့ ဆွဲဆောင်မှု ရှိနေသလိုမျိုးပဲ ။ သူ  ငေးကြည့်ရင်းနဲ့ပဲ ပိုသေချာလာတယ် ။ ဒီလူ ကို အစ်ကိုတစ်ယောက်လို ဘယ်လိုမှ ချစ်လာနိုင်မှာ မဟုတ်တာကို ။ ဒီလူကတော့ သူ့ကိုယ်သူ အစ်ကိုတစ်ယောက်လို ပြုမူနေတုန်းပဲ ။

"ဘာလို့ အဲ့လို ဆိုးသွမ်းနေရတာလဲ "

"အစကတည်းက ဒီလိုပဲလေ သိပြီးသားပဲမှလား "

Lee Taeyong က စိတ်ရှုပ်သွားဟန်နဲ့ တံတားရဲ့ လက်ရန်းတွေကိုသာ ခြေထောက်နဲ့ ခပ်ဆတ်ဆတ်ကန်နေတယ် ။ စိတ်ထဲမှာတော့ သူ့ရှေ့က လူဆိုးလေးကို အဲ့လောက်တောင် ဆိုးရလားဆိုပြီး ရိုက်နှက်ချင်နေမှာပေါ့ ။ ဒါပေမယ့် ဘယ်လောက်ပဲ ဆိုးသွမ်းနေနေ ဘယ်တုန်းက ရိုက်ခဲ့ဖူးလို့လဲ ။ လေသံလေးတောင် မာဖူးတာ မဟုတ်ဘူး ။

ဒီကောင်လေး ကို စသိကတည်းက အဆိုးလေးပဲ အခုထက်တောင် ပိုဆိုးသေးတယ်လို့ ပြောရမယ် ။

စတွေ့တဲ့ အချိန်တုန်းကတော့ သူတို့နှစ်ယောက်လုံး အထက်တန်းကျောင်းသား ဝတ်စုံတွေနဲ့ပဲ ။သူက စီးကရက်တစ်လိပ်ကို မီးညှိဖို့ ပြင်နေတုန်းမှာပဲ ကောင်လေးက မီး လာ ညှိတယ် ။

"ငါလည်း ဆေးလိပ်သောက်ချင်လို့ "

ညအချိန်ကြီးကို အိမ်မပြန်ပဲ မြစ်ကမ်းဘေးမှာ တစ်ယောက်တည်း ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် ထိုင်သောက်နေခဲ့တာ ။ အတန်းထဲမှာ မိဘတွေရှေ့မှာ လူလိမ္မာလေး လုပ်နေရတဲ့ သူကအစကတည်းက ဒီနေရာမှာ ဆေးလိပ် လာခိုးသောက်တတ်တဲ့ သူတောင်မှ မနေနိုင်ပဲ ဝင်ပြောခဲ့ရတဲ့အထိပဲ ။

Seoul City Night Where stories live. Discover now