3

447 78 4
                                    

"ကင်ဒိုယောင်း "

ပြန်လှည့်မကြည့်ပါ ။ လူဆိုးလေးဟာ ပြန်လှည့်မကြည့်ပေမယ့် ခြေလှမ်းတွေက ပိုပြီး နှေးကွေးသွားတယ် ။

Taeyong က အမောတကြီး ပြေးလိုက်သွားမိပြီးမှ ဘာဆက်ပြောရမလဲ တွေးထားပုံမရဘူး ။ သူ အမြဲ ငေးကြည့်ခဲ့တဲ့ နောက်ကျော ကို ခပ်တင်းတင်းဖက်တယ် ။ ပြီးတော့ ငိုတယ် ။ သူတို့နှစ်ယောက် သိလာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီတစ်ခါပဲ သူငိုဖူးပါတယ် ။

"ငါလည်း .. မင်းကို ချစ်ပါတယ် .. ဒါပေမယ့် "

ပြုံးမိတော့မလို ဖြစ်သွားတဲ့ မျက်နှာလေးဟာ ပြန်ပြီးတော့ ဝမ်းနည်းရိပ်သန်းသွားပြန်တယ် ။

"အွန်း !! သိတယ်
ဒါပေမယ့် အတူတူနေဖို့ မဖြစ်နိုင်ဘူး မှလား
အဲ့ဒါအထိ နားလည်ပေးချင်လွန်းလို့ ဒီအတိုင်း လက်လွှတ်ခဲ့တာလေ ဒီလေါက်တော့ သိတတ်ရမှာ မဟုတ်ဘူးလား ။ လွှတ်ချမယ်ဆိုလည်း ဆွဲမထားနဲ့ .. နောက်ပြန်လှည့်ကြည့်ပြီး အရှေ့ကို သွားရရင် ပိုပြီး အထိအခိုက်ရှိလောက်မှာ မှလား ငါ ဒီထက်ပိုပြီး ဒဏ်ရာ တွေ မရချင်တော့ဘူး "

"ခနလေး .. ဒီအတိုင်းလေးပဲ .. ခနလေး "

အဲ့ဒီလူက ခနလေး ဆိုတဲ့ အချိန်လေးမှာ ဘယ်လောက်အထိ ငိုကြွေးနေမှန်း မသိရဘူး ။ သူ့ကျောပြင်တွေတောင် စိုရွှဲလာတယ်လို့ ခံစားမိတဲ့အထိပဲ ။ ကင်ဒိုယောင်း က တော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ် ။ဒေါသထွက်နေတာနဲ့ မတူပဲ တစ်စုံတစ်ရာကို သည်းခံနေရဟန် တူတယ် ။ ဒီအစ်ကို ရဲ့ မျက်ရည်တွေက သူ့ရဲ့ ချုပ်တီးနိုင်စွမ်းကို လာလာ စမ်းသပ်နေတာပဲ။

"အခု လွှတ်ပေးလိုက်ပါတော့
အခု လွှတ်မပေးရင် .. ငါ hyung ကို ဖမ်းထားလိုက်တော့မှာ ငါ ဘယ်သူ့ကိုမှ မပေးနိုင်တော့ပဲ ငါပဲ ဖမ်းဆုပ်ထားလိုက်တော့မှာ "

ခါးမှာဖက်ထားတဲ့ လက်တွေရဲ့ တင်းကျပ်မှုက လျော့သွားတယ် ။ ကင်ဒိုယောင်း က နာနာကျင်ကျင် ပြုံးမိတယ် ။ဒီအစ်ကို က ဒီလိုမျိုးပဲ ။

"အဲ့လို လုပ်လို့ မရဘူးလား "

"ဟမ် !! "

"ငါ့ကို ဖမ်းခေါ်သွားလို့ မရဘူးလား
ငါက လူဆိုး မလုပ်တတ်တော့ သတ္တိ မရှိဘူးလေ
ဒါပေမယ့် မင်းကတော့ သတ္တိရှိတယ် မှလား ၊ ငါ့ကို ဖမ်းဆုပ်ထားလိုက်ပါလား "

Seoul City Night Where stories live. Discover now