မာယာ ( intro )

10.9K 339 108
                                    

Unicode Version

အရှေ့က အကြည်ရောင်မှန်ချပ်ကနေ အောက်ကိုငုံ့ကြည့်လိုက်သည်

ပျားပန်းခပ်သွားလာနေတဲ့ ကားတွေလူတွေပေါင်းစုံ

ခပ်ဝေးဝေးက အထင်ကရဟန်မြစ်ကိုတောင် ရေးရေးလေးပဲမြင်ရတော့၏

နေရောင်ခြည်အနုစိပ်စိပ်က မှန်ကိုဖြတ်ဖောက်ပြီး အဝတ်မကပ်တဲ့ လက်ဖဝါးပေါ်ကို လောင်ကျွမ်းမတတ် ပူပူလောင်လောင် ဖြာကျနေသည်

လက်ဖဝါးပိုင်ရှင်ရဲ့ ခန္ဓာကိုယ်အပေါ်ဆင်ယင်ထားတဲ့ အနောက်တိုင်းဝတ်စုံဟာ မှိုင်းညှို့တဲ့ မီးခိုရောင်ဖြစ်သလို အခန်းကျယ်တွင်းရှိ အဆင့်မြင့်ပရိဘောဂပစ္စည်းများကတော့ အရောင်မှိုင်းမှိုင်းတို့သာဖြစ်နေသဖြင့် မြင်ရရှုရသည်မှာ ဆွေးမြေ့ဖွယ်ရာဖြစ်သည်

ခန့်ညားသည့် သူ၏ ညာဘက်လက်ကိုမြှောက်ပြီး အချိန်ကိုကြည့်နေသည်ဟုထင်ရပေမယ့် အနောက်မှ တရွေ့ရွေ့ဝင်လာသော ဖြူ လွှလွှသဏ္ဍာန်ကို နာရီ၏အပေါ်ရှိအုပ်ကာထားသော မှန်ထဲမှ ကြေကြေကွဲကွဲစိုက်ကြည့်နေခြင်းဖြစ်သည်

ထိုဖြူ လွှလွှဏ္ဍာန်ဟာ လက်ထဲတွင်ချွန်မြထက်မြက်ကာ ဓားဟုယူဆရသော ရှည်မျောမျောအရာဝတ္ထုကိုကိုင်ထားပုံရပြီး သူဟာလည်း ယောက်ျားလေးတစ်ယောက်ဖြစ်သည်

ထို့ပြင် နာရီကိုစိုက်ကြည့်နေသော ပုရိသ၏ ရင်နှစ်သည်းခြာခင်ပွန်းလောင်းလည်းဖြစ်ချေသည်

" ဦးငယ်ကို ကောင်လေးရဲ့လက်နဲ့သတ်ရမှ ကျေနပ်မယ်ဆို ရင်ကိုကော့ပေးဖို့အဆင်သင့်ဖြစ်နေပါပြီ ဒါပေမယ့် ကတိတစ်ခုပဲပေးပါ ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းတစ်လျှောက်လုံး ဘယ်တော့မှ နောင်တမရပါဘူးလို့ "

မြှောက်ထားတဲ့လက်ကို ဘောင်းဘီအရှေ့အိတ်ထဲသို့ ထိုးထည့်ပြီး ဦးငယ်ဆိုသူက ဖြည်းဖြည်းမှန်မှန်သာ နောက်လှည့်မကြည့်ပဲ ပြောသည်

ဦးငယ်၏ မြင်လွှာများသည် အဖြူနှင့်အမဲရောင်မှလွဲ၍ မည်သည့်အရောင်အသွေးကိုမှ မမြင်ရပါချေ
၎င်းကို ဦးငယ်တစ်ဦးသာလျှင် သိပေသည်

Name - Park Jimin
Work - Mafia
Age - 34


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
စီးကရက်မာယာWhere stories live. Discover now