တွယ်ငြိမိသောနှောင်ကြိုး
Xingho
Written by Lian Xingမြစိမ်းရောင်မြက်ခင်ပြင်ကြီး ကာရံထားသော လမ်းအရှည်ကြီးကို သူအဆုံးအဆမရှိ ပြေးလွှားနေရသည်။ သူ့အသွင်ကလည်း လူအသွင်မဟုတ်ဘဲ မူလသတ္တဝါ အသွင်သို့ပြောင်းလဲထားသည်။ သူ့ကိုယ်ပေါ်မှာလည်း လူတစ်ယောက်ကို သယ်ဆောင်ထားသည်ဟု ခံစားမိသည်။ ဘယ်သူ့ကို သယ်ဆောင်ထားမှန်း သူမသိ။ သို့သော် ထိုသူ့အတွက်တော့ သူစိတ်ပူမိနေသည့်၊ လုံခြုံသော နေရာတစ်ခုစီ ခေါ်သွားပေးချင်သည့်၊ သူ့ကို အပြည့်အဝကာကွယ်ပေးလိုသည့် သူ့စိတ်ကိုသူလည်း ခံစားမိနေသည်။ ထိုအချိန်တွင် ဝုန်းခနဲ မြည်သံတစ်ခုနှင့်အတူ သူ့မြင်ကွင်းဝေဝါးသွားရသည်။ ခဏကြာသော် သူမြင်လိုက်ရသည်က မှောင်မိုက်နေသော အနက်ရောင်မီးခိုးများ ဝန်းရံထားသည့် ထူးဆန်းသော လူတစ်ယောက်။ သူစိတ်ထဲမှ တီးတိုးရေရွတ်မိသည်။
"Edward"
Edwardဆိုသူက အမှောင်လောကရဲ့ အကြီးအကဲ။ အုပ်ချုပ်သူ ဘုရင်တော့ မဟုတ်ပေမယ့် သူ့စွမ်းအားကလည်းမသေးလှ။ Edwardကရှေ့ကို ရောက်လာသောကြောင့် သူလူအသွင်ပြောင်းလိုက်သည်။ သူ့ကျောပေါ်ကလူကိုသူ ရင်ခွင်ထဲထည့်ပိုက်ထားသည်။
"Yixing မင်းက ငါ့ပြိုင်ဘက်အဆင့်တောင် မဟုတ်သေးပါဘူးကွာ။ မင်းအေးအေးဆေးဆေး လက်လျော့လိုက်တာ ကောင်းမယ်။"Edward မျက်လုံးကို သူသေချာစိုက်ကြည့်ကာ
"ငါက မင်းကိုစွမ်းအားအရာမှာ မယှဉ်နိုင်ဘူးဆိုရင်တောင် မင်းသူ့ကိုလက်ဖျားနဲ့တောင်မထိစေရဘူး။"ပြောလည်းပြောရင်း သူ့ရဲ့စွမ်းအားကို စုစည်းလိုက်ကာ Edwardထံသို့ စတင်တိုက်ခိုက်သည်။ Edward လည်း တစ်ချက်ရှောင်လိုက်ရင်း"ဟက်။ Yixing မင်းက ငါတို့ဘုရင်ရဲ့ သူငယ်ချင်းဖြစ်နေတာကို ထောက်ရှုပြီး ငါအလျော့ပေးခဲ့ပြီးပြီ။ ခုကစပြီး ငါမင်းကိုသက်ညှာနေမှာမဟုတ်ဘူး။"
အချိန်ခဏလေးအတွင်းမှာပင် အစိမ်းရောင်မြက်ခင်းပြင်သည် စစ်မြေပြင်အလား စွမ်းအားယှဉ်ပြိုင်မှုကြောင့် ပျက်စီးသွားရသည်။ သူလည်း သူ့ရင်ခွင်ထဲကလူ မထိခိုက်အောင် သတိထားယှဉ်ပြိုင်သော်ငြား ထိုသူက အခြေအနေမကောင်းတော့ဟန် သွေးတစ်ပွက် အန်လာသည်။ ထိုအချိန်တွင် Edwardက သူ့အားအလစ်ဝင်တိုက်ခိုက်လာသည်။
CZYTASZ
တွယ်ငြိမိသော နှောင်ကြိုး
Krótkie Opowiadaniaတူညီခြင်းမရှိ အရာရာခြားနားနေသော သူတို့နှစ်ဦးကို နှောင်ကြိုးတစ်ချောင်းကရစ်တွယ်မိသောအခါ။ တွယ်ငြိမိသောနှောင်ကြိုး။ (One short လေးဆိုပေမယ့် extra အပိုင်းတွေအများကြီးပါမှာပါ။ စောင့်မျှော်ပေးကြပါဦး။ ) 여러분 너무 사랑해. 엑소 사랑하자 🤍