Chapter (9)

542 127 3
                                    

Chapter (9)

ဘဝကြီးက ပုံမှန်အတိုင်း ဆက်လည်ပတ်နေ၏။

ဟဲ့ကျီ၏ အတင်းအကျပ်တောင်းဆိုမှုအောက်တွင် ကျိမောင်သည် အလုပ်မထွက်တော့ဘဲ အလှပြင်ဆိုင်တွင်သာ အလုပ်ဆက်လုပ်ခဲ့သည်။

ကျိမောင်သည် သူ့ကိုယ်သူ ကောင်းမွန်စွာပြုပြင်ပြောင်းလဲ၍ ဆိုင်၌ အလုပ်ကို အဆင်ပြေအောင်လုပ်သည်။  တစ်ခါတစ်ရံ ညဆိုင်းကိုးနာရီတွင် ဧည့်သည်ရောက်လာပါက သူအချိန်ပို ဆင်းရမည်ဖြစ်သည်။

သို့သော် ဘယ်လောက်ပဲ နောက်ကျနေပါစေ ၊ ဟဲ့ကျီကတော့ သူ့ကိုလာကြိုဆဲဖြစ်သည်။

ဟဲ့ကျီသည် ခေါင်းမာသည့်အပြင် စကားလုံးလှလှတွေကို ဘယ်လိုပြောရမယ်မှန်းလည်း သိပ်မသိပေ။ သူဆိုင်တံခါးနားတွင် ကားကိုရပ်ပြီးစောင့်နေကာ ကျိမောင်ဆိုင်တံခါးမှ ထွက်လာသည့်အချိန်တွင် ဟဲ့ကျီသူ့အတွက် တံခါးဖွင့်ပေးလိုက်ပြီး ၎င်းသည်ပင် နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးအတွက် ဟဲ့ကျီ၏ အချက်ပြမှုဖြစ်သည်။

ထိုပုံစံအတိုင်း တစ်ပတ်ကျော်လောက် စခန်းသွားနေပြီးနောက် ဟဲ့ကျီမှာ တကယ့်ကိုသနားစရာကောင်းတယ်လို့ ကျိမောင်မြင်လာပြီး နောက်ဆုံးတော့ သူ့ကိုပြန်လက်ခံပေးလိုက်သည်။

ဒီနေ့ ကျိမောင်၏ အလုပ်ချိန်သည် နေ့ဆိုင်းဖြစ်သော်လည်း ခြောက်နာရီခွဲချိန်အထိ အလုပ်မဆင်းခဲ့ရပေ။

ဟဲ့ကျီသူ့ကိုလာကြိုရန် ငွေရောင်နှင့် မီးခိုးရောင် နှစ်ရောင်စပ်ကားကိုမောင်းလာပြီး ကျိမောင်သူ့ထိုင်ခုံတွင်ကာ ထိုင်ခုံခါးပတ် ပတ်ပြီးသည်နှင့် သူမေးခွန်းမေးလိုက်သည်။ "ဒီနေ့ ဘာ​လို့ နောက်ကျနေတာလဲ"

" ကျွန်တော် သိပ်မလွယ်တဲ့ ဧည့်သည်တစ်ယောက်နဲ့ တွေ့ခဲ့ရလို့ " ဤသို့ ညည်းညူမှုလေးဖြင့် တစ်ပတ်အတွင်း ပထမဆုံးအပြန်အလှန် စကားပြောဆိုမှုခေါင်းစဉ်ကို ကျိမောင်စတင်လိုက်သည်။

ဟဲ့ကျီအရမ်းပျော်သွားပြီး နှလုံးခုန်မြန်လာခဲ့သော်လည်း သူအေးအေးဆေးဆေးဖြစ်နေပုံ ဟန်ဆောင်လိုက်ပြီး "နားထောင်ကြည့်ရအောင်" လို့ ပြန်ပြောလိုက်၏။

Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)Where stories live. Discover now