Uni
THIS OMEGA IS IMMUNE TO ALL ABILITIES
CHAPTER-2
ကြည့်ရတာတော့ ကုန်လှောင်ရုံကြီးတစ်ခုလုံးက အတော်လေးအိုဟောင်းနေပြီထင်တယ်။အမှောင်ထုထဲမှာ အလင်းရောင်နဲ့တူတာဆိုလို့ ပြတင်းပေါက်ကျဉ်းကျဉ်းလေးတွေကနေတစ်ဆင့် အနည်းငယ်လောက်ဖြာထွက်နေတာလောက်ပဲ ရှိနေတယ်။အစီအစဉ်မကျ ပြန့်ကျဲနေတဲ့ အပျက်အစီးအပိုင်းအစတွေကို ဝိုးတဝါးလေးသာ မြင်ရတယ်။
ယီကျားမု သူ့ရဲ့ဝါဖျော့ဖျော့မျက်ဝန်းလေးကို နည်းငယ်မှေးကျဉ်းကြည့်လိုက်တယ်။နောက်တော့ သူ မှုန်မှုန်ဝါးဝါးပတ်ဝန်းကျင်ကြီးကို သူကျင့်သားရလာတယ်။သူဝင်လိုက်တဲ့ တစ်ခဏလေးအတွင်းမှာပဲ ဘေးပတ်ပတ်လည်က သူ့ကို စူးစိုက်ကြည့်နေတယ်လို့ သူခံစားရတယ်။သူတို့တွေက အတော်လေးနောက်ပြောင်ကျီစယ်လိုကြပြီး လူတွေအများကြီးဖြစ်ကြမယ်ဆိုတာ သိသာလွန်းတယ်။သူတို့တွေက ဘယ်သူတွေလဲဆိုတာတော့ သူမသိပါဘူး။ဒါပေမယ့် သူဝင်လာတာကို တွေ့ပြီးတဲ့နောက် တစ်စုံတစ်ယောက်က တိုးတိုးလေး လေချွန်လိုက်တယ်။
ယီကျားမု သူ့ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း နောက်ဆုံးတော့ သူ့ရှေ့ကတစ်နေရာကို မျက်စိရောက်သွားတယ်။အပျက်အစီးအပုံလိုက်ရဲ့ထိပ်မှာ လူတစ်ယောက်ရှိနေတယ်။ယီကျားမုရဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင် သူ့ရဲ့မြင်အာရုံထဲမှာ ခြေထောက်တစ်ဖက်ကိုတော့ အသေအချာမြင်နေရတယ်။
အနက်ရောင်ဘွတ်ဖိနပ်တွေက သားရေကောင်းနဲ့ လုပ်ထားပုံပဲ။ဒါပေမယ့် အမြင့်ကို တက်ဖို့ကတော့ လွယ်မှာမဟုတ်ဘူး။ဖိနပ်တွေက ဖုန်မှုန့်တွေအများကြီးနဲ့ သေချာပေါက်ကို ညစ်ပတ်နေမှာပဲ။ခြုံထားတဲ့ကုတ်အင်္ကျီက တွဲလျားကျနေပြီး လေတိုက်နေတာမို့ စည်းမညီမညာနဲ့ လှုပ်ရမ်းနေတယ်။အဲ့ဒီလူရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အမှောင်ထဲမှာပဲ အပြည့်အဝကွယ်ဖုံးနေတယ်။ယီကျားမုရဲ့အမြင်အာရုံက အတော်လေးကောင်းလို့သာ ဒီလိုမှိန်ဖျဖျ ပုံရိပ်ကို မြင်နေတာဖြစ်တယ်။
YOU ARE READING
This Omega is Immune to all Abilities (ထာဝရရပ်နား မအားတော့လို့ပါ)
Science Fictionယီကျားမု က စွမ်းအင်ချို့တဲ့ပြီး စိတ်ကစဉ့်ကလျား ဖြစ်တတ်တဲ့ ရောဂါသည်လေးတစ်ယောက်ပေါ့။မထင်မှတ်ဘဲ သူက ကုယဲ့ရှန် ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတယ်။တစ်ကျောင်းလုံးက ပိန်ပါးပြီး ရူးသွပ်ရလောက်အောင်ကို စွဲမက်ဖွယ်ကောင်းတဲ့ အလှလေးရဲ့ ဖြူဖျော့လှတဲ့မေးစေ့လေးကို မညစ်မ...