Chapter -1

11 1 2
                                    

Zawgyi




လေဆိပ်မှ အသံထုတ်လွှင့်ချက်က ဆူညံသောပတ်ဝန်းကျင်တွင် ဟိုဒီသွားလာနေသော လူများကြားတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ကြယ်လေးများရဲ့တောက်ပမှုက မျက်နှာကြက်ပြတင်းများကနေတဆင့် ကြမ်းပြင်ပေါ်သို့ကျရောက်နေသည်မှာ ရုပ်ရှင်ပြနေသလို ထူးခြားသော အနေအထားလေးဖြစ်နေစေသည်။

လူအုပ်ကြီးကို နှိုင်းယဉ်ကြည့်ပါက လူနည်းစုကသာလျှင် အထူးထွက်ပေါက်ကို ဖြတ်သန်းသွားလာနေကြသည်။Sublime Star Abilities College ကသာလျှင် သုန်ယာဂလက်စီတွင် စွမ်းအင်ကောလိပ်တစ်ခုဖြစ်သည်။

"ကျောင်းသား မင်းရဲ့ ရီပို့ကတ်စဉ်ကို ကျေးဇူးပြုပြီး ပြပေးပါ"

တစ်ယောက်ယောက် ကားထဲဝင်လာတာကို ကြားတဲ့အခါ ဒရိုင်ဘာက ဒရိုင်ဘာseatတွင် ပျင်းရိလေးတွဲ့ကာ မှီနေရင်း ခေါင်းကိုတောင် မော့မကြည့်ဘဲ ပြောလိုက်တယ်။

နံပါတ်စဉ်လိုက်ဝင်သွားပြီးတော့ indicator ကမီးလင်းလာတယ်။detectorကလည်း အစိမ်းရောင်လေးပြောင်းသွားတယ်။

passဖြစ်သွားတဲ့သူကို ကြည့်ဖို့အတွက်ဖြစ်မယ်။ဒရိုင်ဘာရဲ့မျက်လုံးတွေက အနည်းငယ်လစ်ဟလို့လာတယ်။အဲ့လိုကြည့်လိုက်မိတာက သူ့ကို ခဏတာ အသက်ရှူမှားသွားစေတယ်။

ခေတ်နောက်ကျနေတဲ့ အင်္ကျီဒီဇိုင်းက ထိုလူသားအား ပိုမိုထင်ရှားပေါ်လွင်လို့သွားစေတယ်။သူက ဝေးလံခေါင်ဖျားက ဂလက်စီကဖြစ်မယ်။ပလိန်းcloak(စောင်လိုမျိုးပါ)ဆိုတာမျိုးကို main cityမှာ တွေ့ရဖို့ဆိုတာ အတော်ကို ခဲယဉ်းသွားပြီဖြစ်တယ်။ပလိန်း cloakကို သူ့ရဲ့ပုခုံးထက်ကနေ သူ့တစ်ကိုယ်လုံးကို ဖုံးတယ်ဆိုရုံလောက်သာ လျော့ရိလျော့ရဲ လွှမ်းခြုံလို့ထားတယ်။necklineက အရမ်းမြင့်နေလို့ တစ်ဝက်သာမြင်နေရတဲ့ မျက်နှာလေးကတောင် သိပ်ကို လှနေတယ်။ကြောင်လေးတွေရဲ့မျက်လုံးလို ဝါဖျော့ဖျော့မျက်ဝန်းလေးက အတော်ကို အိပ်ချင်နေရှာပုံပဲ။ဆန့်ကျင်ဘက်အနေနဲ့ ထူးခြားတဲ့ ငွေဖြူရောင်ဆံလိပ်ခွေလေးတွေက လေးတွဲ့ကာ တစ်မူထူးနေပြန်တယ်။ဒါက လူတွေရဲ့မျက်လုံးထဲမှာ တစ်ခဏ စွဲထင်ကျန်စေပြီး သူတို့ မထိရမနေနိုင်လောက်အောင် ထိန်းမနိုင်သိမ်းမရဖြစ်လို့နေရှာတယ်။

This Omega is Immune to all Abilities (ထာဝရရပ်နား မအားတော့လို့ပါ)Where stories live. Discover now