အပိုင်း(၁၂)

140 13 11
                                    


Unicode.......

Tay နဲ့ New နှစ်ယောက်သားစားသောက်ဆိုင်ရဲ့ အပေါ်ဆုံးထပ်ကိုတက်သွားကြသည်။ အပေါ်ဆုံးထပ်ဖြစ်တဲ့အတွက် viewလေးက လှ သလို ညနေ နေဝင်ဆည်းဆာအချိန်လဲဖြစ်တဲ့အတွက် ကောင်းကင်ကလဲ ပုစွန်ဆီရောင်သန်းနေတော့ အရမ်းကိုလှပ နေသည်။ ဒီနေရာလေးကို Tay က ကြိုတင်ဘိုကင်ယူထားတော့ စားသုံးသူ ဆိုလို့ သူတို့နှစ်ယောက်ကလွဲပီး ဘယ်သူမှမရှိပါ။

"အရမ်းလှတယ် ဒီလိုလှတဲ့နေရာလေးကိုခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"New ကြိုက်လာ"

"ဟုတ် ကြိုက်တယ်"

"New ကြိုက်တယ်ဆို တော့ အကို အရမ်းပျော်ပါတယ်"

"နေဝင်တာ မမြင်တာကြာနေပီး..တော်တော်လှတာဘဲနော်"

"new..."

"p tayဘာပြောမလို့လဲ..."

"ဘာမဟုတ်ဘူး...newဘာကြိုက်လဲဆိုတာ ကိုမသိတော့ ကိုအချိုပွဲတွေဘဲ...ကိုမှာလိုက်တယ်..."

ခနနေကြာတော့ ဆိုင်ကဝန်ထမ်းတွေက အစားအစာတွေ လာချပေးတယ်...

"new ကိုမှာထားတာ အဆင်ပြေလား..."

"ပြေပါတယ်...p tayမစားဘူးလား.."

"new အလုပ်မှာအဆင်ပြေလား.."

"ပြေပါတယ် လုပ်နေကြဘဲ....ptay ဆင်ပြေလား..ကြည့်ရတာ ပင်ပန်းနေသလိုဘဲ...

"ကို ဘာမှမဖြစ်ပါဘူး...အလုပ်ကိစ္စဘဲ ..."

"p tay အဆင်မပြေတာရှိရင်ပြောပါနော်...ကူညီရရင်ကူညီပေးမယ်..."

"အင်းပါ...စားပါ..ခနကြရင်အေးကုန်မယ်.."

"ဟုတ်...p tayလဲစား.."

၂ယောက်သား နေဝင်ဆည်ဆာနဲ့အတူ ညစာစားနေကြတယ်.....

~~~~~~~~~~~~~~~~~~~~~~~~~~~~

Tay တို့ စားသောက်ဆိုင်ကနေထွက်လာပီး ကားpakingဆီသွားလိုက်သည်။

car parkingရောက်တော့ Tayကားရဲ့နောက်ဘက်ကို ဖွင့်ပီး သူnewအတွက် ပန်းစည်းကို newဆီပေးလိုက်တယ်...

"ကျေးဇူးပါ..p tay..ဒါနဲ့ ဒီပန်းက..."

"ဟုတ်တယ် newတို့ဆိုင်က မှာလာတာ.."

Love Is HurtOù les histoires vivent. Découvrez maintenant