+3

139 28 4
                                    

ဆူးလ်ဂီ ရဲ့ ကျွမ်းကျင်ရာကို ပထမဆုံးအကြိမ်ပြတုန်းက၊
အံ့သြပြီး စိတ်ဝင်တစား​ငေးကြည့်​နေတဲ့ ဂျူဟျွန်း က ၊
သူမလက်ရာ​တွေထပ်​တောင် ပိုပြီးအနုပညာမြောက်သေးတယ်လို့ ဆူးလ်ဂီထင်တယ်။

"ဆူးလ်ဂီ ဂန် မင်းက​တကယ်ကို အနုပညာသည်ပဲ"
"ကျွန်မ မျက်လုံးထဲမှာ​တော့ ဂျူဟျွန်းကပိုအနုပညာ​မြောက်တယ်"

"မချုပ်လည်း တို့ကမင်းကို အချစ်ပိုပြီးသားပါ " 
"အင်း ကျွန်မကို နမ်းပါအုံး "

--------

"တစ်​နေရာသွားရ​အောင် ပုံတူဆွဲဖို့ဆို ဘာ​တွေလိုမလဲ ဆူးလ်ဂီ ဂန်"
"ခဲနဲ့ဆွဲမယ်ဆို 2B 3B 4B 6D လိုတယ် ကျွန်မမှာရှိတယ်​လေ "

"ဆယ်​ယောက် လောက်ကိုတစ်ထိုင်တည်းဆွဲ​ပေးနိုင်လား"
"မခက်လှပါဘူး အချိန်​တော့ကြာမယ် "

"လာ "

"ဘိုးဘွားရိပ်သာ "
"အင်း လာ ဆူးလ်ဂီဂန်"

"ဂျူဟျွန်း​လေး မ​​တွေ့ရတာကြာပြီ "
"ဖွား နေသာရဲ့လား ဆေး​တွေ​ရော​သောက်ရဲ့လား "

ဘိုးဘွားရိပ်သာကို ခဏခဏလာပုံ​ပေါ်ပြီး ရင်းရင်းနှီးနှီး စကားစမည်​ပြော​နေသည့်
ဂျူဟျွန်းကို ဆူးလ်ဂီ ခပ်ပြုံးပြုံးသာ​ငေးကြည့်​နေလိုက်သည်။  
လှုပ်ရှား​နေတဲ့ အနုပညာ​လေးက ဆူးလ်ဂီတွယ်တာရတဲ့ တစ်ဦးတည်း​​သောသာဖြစ်သည်။

"ဒီ ညီမက ပုံဆွဲအရမ်း​တော်တာမလို့ အဖွားတို့ကို လှလှ​လေးဆွဲ​ပေးလိမ့်မယ်
တစ်​ယောက်ကိုမှလည်း ဝမ်တစ်ရာပဲကျမှာ "

"ဂျူဟျွန်း ပိုက်ဆံမလိုပါဘူး "
"တန်​ကြေးမဟုတ်​တောင် အဖိုးအခ​ပေါ့ အနုပညာသည်​လေးရဲ့
ဝမ်တစ်ရာက များမှမများတာ"

"ဝမ်တစ်ရာနဲ့မ​လောက်​တော့ဘူးထင်တယ် ၊ဂျူဟျွန်းအနမ်း​တွေပါ အရမ်းလိုအပ်​နေပြီ"
"လောဘကြီးတဲ့ ဝက်ဝံက ယုန်စားတာခံရတတ်တယ် "

ထိုစကားကို ရုပ်တည်ကြီးနှင့်​မျက်​မှောင်ကျုံ့ကာ ပြော​နေသည့်
ဂျူဟျွန်းအား ဆူးလ်ဂီခပ်ကျယ်ကျယ်ရယ်မိသွားသည်။

"အဲ့လိုမျက်​မှောင်ကြီး ကျုံ့မထားနဲ့"
"ဘာလို့တုန်း"

"ကျွန်မ ချစ်လို့ "

"ဆူးလ်ဂီဂန် စကားအရမ်းတတ်တယ် "
"အင်း ကျွန်မရဲ့ဂျူဟျွန်းအတွက်ပဲ"

---------

1.9.2021...

ဒီအပိုင်းအတွက် အတိတ်ကိုပြန်မသွား​တော့ပါဘူး။
တိုသွားတယ်ဆို​ပေမဲ့ တိုသွားတယ်လို့သ​ဘောထားပြီးပဲဖတ်​ပေးပါ။

ခေါင်းစဥ်Where stories live. Discover now