အခုဆိုရိပေါ်ရဲ့အိပ်ခန်းထဲမှာ နတ်လေနတ်လွင့်တစ်ကောင်ကရောက်နေပြီ။ သူ့ရဲပစ္စည်းတွေကိုခွဲသုံးရမယ်လို့ထင်ထားပေမယ့် ဖင်ခေါင်းကျယ်တဲ့နတ်ဘုရားကလူသားပစ္စည်းတွေမကိုင်ချင်ဘူးဆိုပဲရိပေါ်ခါတိုင်းနေ့တွေနဲ့မတူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တယ်။နေရောင်ခြည်ကမျက်နှာပေါ်မကျရောက်ခင်မှာပဲရိပေါ်ကအချိန်မှန်စွာခြောက်နာရီလောက်မှာနိုးလာခဲ့ပါတယ်။
သူတစ်ချက်သန်းဝေလိုက်ပြီးအကြောဆန့်ကာခဏလောက်မျက်လုံးမှိတ်ကာငြိမ်နေလိုက်တယ်။ ခဏကြာမှမျက်လုံးတို့အားဖွင့်လိုက်တော့ကုတင်ခြေရင်းနံရံတွင်ကပ်ထားသောမထော်မနန်းမုန်လာဥပုံကြီးကြောင့်အိပ်ချင်မူးတူးဖြစ်နေသေးတာတောင်ပျောက်သွားတယ်။ ထို့နောက်အိပ်ယာဘေးကိုကြည့်လိုက်တော့လက်ကြီးပိုက်ကာအိပ်ပျော်နေသောရှောင်ကျန့်ကငုတ်တုတ်ကြီး
ရိပေါ်ညကအကြောင်းတွေခေါင်းထဲမှာပြန်ပေါ်လာတယ်။
ညကသူနဲ့ကုတင်တစ်လုံးထဲမှာတူတူမအိပ်နိုင်ဘူးဆိုပြီးသူ့ကိုရန်စွာတယ် အဲ့ဒါဆိုအပြင်ထွက်အိပ်ဆိုတော့လည်း
"ငါ့မှာမင်းကိုစောင့်ရှောက်ရမယ့်တာဝန်ရှိတယ် မတော်လို့ငါအိပ်နေတုန်းမင်းသေသွားရင်ငါပဲအပြစ်ပေးခံရမှာ ပြီးတော့ လူသားဘယ်နှစ်ယောက်လောက်အိပ်ထားထိုင်ထားမှန်းမသိတဲ့အဲ့ဒီဆိုဖာမှာငါကအိပ်စရာလား ဟမ့်"ဖင်ခေါင်းကျယ်တဲ့နတ်ဘုရားကအဲ့လိုပြောပြီးအခန်းထဲကလည်းမထွက်ဘဲနေနေတယ်။ ရိပေါ်လည်းဒီဖင်ခေါင်းကျယ်နတ်ဘုရားကိုသူ့အိပ်ယာပေါ်ပေးမအိပ်ချင်တာကြောင့်နေချင်သလိုနေဆိုပြီးပစ်ထားပြီးအိပ်လိုက်တော့သည်။
အိပ်ယာကနိုးတော့ငုတ်တုတ်အိပ်နေတဲ့ဖင်ခေါင်းကျယ်နတ်ဘုရားကိုတွေ့တော့တာပဲ
ရိပေါ်အိပ်ပျော်နေသောနတ်ဘုရားလေးကိုကြည့်လိုက်တယ်။
သူ့စိတ်ထဲမှာတော်တော်လေးရင်းနှီးနေတဲ့ခံစားချက်ကိုရလိုက်တယ်။ ဒါပေမယ့်သူ့မှတ်ဉာဏ်ထဲမှာတော့ဒီသူနဲ့ပတ်သက်တာတွေရှိမနေဘူး ရိပေါ်ပိုမိုနီးနီးကပ်ကပ်ကြည့်ကာစူးစမ်းနေတယ်။
YOU ARE READING
Fantasy[𝚈𝚒𝚣𝚑𝚊𝚗 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗]✓ 7ᵗʰ 𝑺𝒕𝒂𝒓𝒕 : 12.8.2021 𝑬𝒏𝒅 :