"ရှောင်းကျန့် ခင်ဗျားမညစ်ပတ်နဲ့!""ဟင်.. နေ့လည်တုန်းကတော့ ကျန့်ကောဆို."
"ဘာမှမကောတော့ဘူး ခုချက်ချင်းခန္ဓာကိုယ်ကိုပြန်ကြီးပေး!"
လူသေးသေးရိပေါ်စိတ်တိုနေပုံက ချစ်ဖို့လည်းကောင်းနေသလို ရယ်လည်းရယ်ရတယ်။ ခါးထောက်လို့ခေါင်းမော့ကာ ရှောင်းကျန့်ကိုရန်တွေ့နေသေးသည်။ နားရွက်လေးသာတပ်ပေးလိုက်ရလို့ကတော့
"ပြန်ကြီးပေးလို့!.."
"ဝမ်ရိပေါ် မင်းကလေ ဒေါသထွက်နေတဲ့ကြက်ပေါက်လေးနဲ့တူနေပြီ တညှပ်ညှပ်နဲ့ ခွိ"
"ရှောင်းကျန့်!"
ရှောင်းကျန့်က ရိပေါ်ရဲ့အသေးလေးပုံကိုသဘောကျတာမို့တမင်ပေကပ်ပြီးမသိချင်ယောင်ဆောင်ကာယောင်လည်လည်လုပ်နေတယ်။ ကြာတော့ ရှူးရှူးရှဲရှဲနဲ့ရိပေါ်က မှုန်ကုတ်ကုတ်နဲ့စိုက်ကြည့်ပြီးဘာမှထပ်မပြောတော့ဘဲငြိမ်ကျသွားတော့သည်။
စိတ်ကောက်သွားပြီဖြစ်တဲ့လူသားပိစိအားပြန်ချော့ရန်စိတ်ကူးတော့ရှောင်းကျန့်ထံမှာရှိမနေဘူး သူကအဲ့လိုစိတ်ကောက်နေပုံကိုကြည့်ပြီးအသဲတွေယားနေရတာ..
ရိပေါ်ကိုစားပွဲပေါ်တင်ထားတာမလို့စားပွဲပေါ်မှာရှိတဲ့ဘောပင်ကိုမတယ်။ ဘောပင်ဟာအရင်ကသူ့လက်ညိုးလောက်ပဲရှိပေမယ့် အခုချိန်မှာတော့သူ့အရပ်နီးပါးရှိတယ်။ အလေးချိန်ကတော့သူ့အနေနဲ့အသင့်အတင့်မို့တော်သေးသည်ပြောရမယ်။
"ဝေ့ ဘာလုပ်မလို့လဲ"
"..."
ရိပေါ်ကပြန်မပြောဘူး စာရွက်ဗလာတစ်ခုရှာပြီးထိုအပေါ်မှာစာတွေရေးနေတယ်။ ရှောင်းကျန့်က လူသားပိစိရဲ့ဘောပင်ထမ်းပြီးကြိုးစားပမ်းစားစာရေးနေပုံကိုကုတင်ပေါ်မှာဘေးတစောင်းလှဲလို့မေးကိုလက်ထောက်ကာစိတ်ဝင်တစားကြည့်နေလိုက်တော့တယ်။
မိနစ်အတော်ကြာတော့ ရိပေါ်ကကုတင်ပေါ်မှရှောင်းကျန့်ဘက်ကိုလှည့်ကြည့်လာတယ်။ မဲ့ပြုံးပြုံးပြပြီး သူ့ခြေထောက်အောက်မှစာတွေဘက်ကိုပြန်ကြည့်ကာ အသံကိုကျယ်နိုင်သမျှကျယ်ကျယ်အော်ဖတ်လေတော့သည်။
YOU ARE READING
Fantasy[𝚈𝚒𝚣𝚑𝚊𝚗 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗]✓ 7ᵗʰ 𝑺𝒕𝒂𝒓𝒕 : 12.8.2021 𝑬𝒏𝒅 :