🌟Friend🌟 - (Final)

1.2K 136 5
                                    

ဆေးရုံရောက်တော့ ... ဆရာဝန်တေက စစ်ဆေးကြည့်ပြီး ခုတခေါက်က ဘာမှတော့ စိုးရိမ်စရာမလိုပေမယ့် ... နောက်တခါဆိုရင်တော့ အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်တဲ့ ...

ဟင့်အင်း နောက်တခါဆိုတာ မရှိစေရတော့ဘူး ... အထူးသဖြင့် ငါ့ကြောင့်နဲ့ မင်းနာကျင်မှာကိုမလိုလားတော့ဘူး ...

"အင်း..."

ဆေးရုံခန်းထဲတွင် လဲလျောင်းနေသော ဆော့ဂျင်ရဲ့လက်လေးကို စိုးရိမ်တကြီးကိုင်ကာ ထိုင်နေတုန်း ... ငြိမ်သက်နေသော ခန္ဓာကိုယ်လေးမှ လှုပ်လှုပ်ရွရွဖြစ်လာလေသည် ...

"ဂျင် ... သတိရလာပြီလား"

"ဟင် ... ငါဘယ်ရောက်နေတာလဲ"

"မင်း... မင်း အစာအိမ်ကြောင့် သတိမေ့ပြီးဆေးရုံရောက်နေတာ"

"ဆေးရုံ..."

"အင်း..."

"ဘယ်နားနာသေးလဲဟင်"

"မနာတော့ဘူး"

"တောင်း...တောင်းပန်ပါတယ်"

"ဘာလို့လဲ...ဘာလို့တောင်းပန်နေတာလဲ"

"ငါ့...ငါ့ကြောင့်နဲ့ ...*sob*"

အကျီစကို ဆုတ်ချေထားကာ ခေါင်းကိုလည်း အတင်းငုံ့ရင်း တရှုံ့ရှုံ့ထငိုနေသော ဂျောင်ကုရယ်ပါ ...

ကုတင်ပေါ်ကနေ ဂျောင်ကုနားတိုးသွားပြီးတော့ ဆွဲဖက်ပြီး ကျောလေးကို ခွဖွဖွလိုတော့ ပိုတိုးလို့တောင် ငိုလာသေးတယ် ...

"ရား ... မင်းက ကလေးလား ဘာလို့ငိုနေရတာလဲ ... ပြီးတော့ မင်းကြောင့်လည်းမဟုတ်ဘူး ... မင်းလည်း သိသိကြီးနဲ့ လုပ်တာမှ မဟုတ်တာကို ဘာလို့ မင်းကြောင့်ဖြစ်ရမှာလဲ"

"ဒါပေမယ့် ငါက မင်းနာကျင်နေရတာတောင် ငါက ထိုင်ပြီး လှောင်နေခဲ့သေးတာလေ"

"အဲ့တာက မင်းနဲ့ငါက အမြဲ အဲ့လိုစနေကြဆိုတော့ ငါဆိုလည်း မင်းအဲ့လိုဖ့စ်နေတောင် စနေတယ်ပဲ ထင်နေမှာပဲကို အာ့ကြောင့် ဘာမှလျှောက်တွေးမနေနဲ့တော့နော်"

"ဟင့် ... ဟင့် ငါမင်းကိုနောက်လည်း မစတော့ဘူး ... မင်းကို အမြဲဂရုပဲစိုက်သွားတော့မယ် ခုလိုမျိုး ထပ်မဖြစ်စေရတော့ဘူး"

🐰 JinKook Short Stories Collection 🐹Where stories live. Discover now