(ကြာကြီးရှိပြီမလို့ ရှေ့ကတပိုင်းကိုအရင်ပြန်ဖတ်ချင်ဖတ်ပေးပါ)
ဆေးရုံကုတင်ထက်တွင် မျက်နှာထက် အဝတ်ဖြူဖြင့်အုပ်ထားသော ကောင်လေး၏ ဘေးတွင် အရူးတစ်ယောက်လို ငိုကြွေးနေသော ကောင်လေးတစ်ယောက် ...
"ဆော့ဂျင်ရေ ... မင်းငါ့ကို တစ်ကယ်ထားသွားပြီလားကွာ"
"ကျေးဇူးပြုပြီး ... နှိုးလာပေးပါတော့"
"ကိုယ် ... ကိုယ်တောင်းပန်ပါတယ်"
"ခုလိုကြီး မထားခဲ့နဲ့လေ ... စိတ်လည်းမဆိုးပါနဲ့တော့ ကိုယ် ဂျင်စိတ်ဆိုးပြေတဲ့ထိ ချော့မှာမလို့ ပြန်လာခဲ့ပေးပါ"
ထိုငိုယိုကာ ပါးစပ်မှ တဖွဖွဖြင့် တောင်းပန်စကားဆိုနေသော ကောင်လေးကို အခန့်ထောင့်မှ မျက်ရည်အရွှဲသားဖြင့် ရပ်ကြည့်နေသော ကောင်လေး အင်းးးး ... ဝိညဉ်ဖြူလေးတစ်ခုဆို ပိုမှန်လိမ့်မည် ...
ထို့နောက် ကုတင်နားသို့ကပ်လာသော ထိုဖြူလွှလွှအရိပ်လေး ... ငိုယိုနေသောဂျောင်ကုနားရောက်တာနဲ့ ကျောလေးကု် နှစ်သိမ့်တဲ့အနေနဲ့ ပုတ်ပေးလေသည် ...
ဂျောင်ကုမှလည်း ငိုနေရင်းနဲ့မှ ကျောဘက်မှ အေးစက်စက်အထိအတွေ့လေးကြောင့် လန့်ကာ လှည့်ကြည့်လိုက်တော့ ဘာမှမရှိနေ ... ဒါပေမယ့် မျက်စိမှားတာလားမသိပေမယ့် အဖြူရောင်အငွေ့လေးတွေတော့ လျှပ်တပြတ်တွေ့လိုက်ရသည် ...
ရုတ်တရက်ကျောချမ်းသွားပေမယ့်လည်း ဂရုမစိုက်နိုင်အား ရှေ့ကအသက်မဲ့နေတဲ့ဆော့ဂျင်ရဲ့လက်လေးပေါ် မှောက်အိပ်လိုက်ပြီး ငိုယိုတောင်းပန်ခြင်းအလုပ်ကို ဆက်၍ ...
သိပ်မကြာလိုက် ... တစ်ဖန်ကျောပြင်တစ်လျှောက်လုံးအေးစက်သွားရပြန်သည် ... ဒီတခါဆက်ခနဲလှည့်ကြည့်လိုက်ပြန်တော့ ဆော့ဂျင်ရဲ့မျက်နှာလေးကို မြင်ယောင်လိုက်သလို ... တစ်ဆက်ထဲမှာပဲ ဂျင့်ဆီကရနေကြ ရေမွှေးနံ့လေးပါရလိုက်တာကြောင့်...
"ဆော့ ... ဆော့ဂျင်လား"
"ဂျင် ... ဒီအခန်းထဲမှာရှိနေတာလားဟင်"
YOU ARE READING
🐰 JinKook Short Stories Collection 🐹
Fanfiction( Unicode + Zawgyi ) ဒါလေးက Jinkook ကိုမှ Fan Artလေးတေအပေါ်မူတည်ပြီးတော့ One Shot လေးတေ ရေးပေးမှာပါနော် 💜