Chapter 34

11.6K 1.2K 94
                                    

Chapter 34 : ကလေးပေါက်စ

လုပ်ချင်ရာ လုပ်ထားပြီးမှ ရှက်လွန်းလို့
ငြိမ်နေမိရင်း...လင်းဒီပါ မြေကြီးထဲ
အရှင်လတ်လတ် တူးဝင်နေချင်တော့သည်။

အိပ်မောကျနေသည့် ကလေးဟာ
အပြစ်ကင်းစင်လို့....။ သူကသာ အိပ်မရ။

အခု သူ လုပ်ပေးမိလိုက်သည့် ဖြစ်ရပ်ကြောင့်
မိုးမှောင်လေး ကြီးပြင်းလာလို့ အရာရာ
နားလည်နိုင်သွားသည့်တစ်နေ့တွင် သူ့လိုလူကို
ရွံရှာမုန်းတီးပြီး စိတ်ဒဏ်ရာ ရသွားနိုင်သည်ပင်။

လင်းဒီပါ လက်နှစ်ဖက်ကို ခေါင်းကို
အုပ်ကိုင်ကာ သက်ပြင်းချလိုက်၏။
သူ တကယ် စိတ်လွှတ်သွားတာပဲ။
စကားနဲ့ ပြောပြပြီး ဒီကိစ္စကို ဖြေရှင်းခိုင်းခဲ့ရင်
ရတာကို ဘာလို့ လက်တွေ့သွားလုပ်ပေးမိလိုက်တာလဲ။ ရူးနေတာလား။ စောနက လင်းဒီပါက
ရူးနေတာပဲ ဖြစ်ရမည်...။

လှုပ်ရှားပေးတာများသွား၍
နာကျင်ကိုက်ခဲနေသည့်လက်နှစ်ဖက်ကို
ကြည့်ရင်း လင်းဒီပါ မိုးမှောင်လေးကို
ထိုင်ငေးကြည့်နေမိသည်။

သူက အပြစ်ကင်းသည့်
ကလေးတစ်ယောက်ကို တကယ်
အခွင့်အရေးယူမိလိုက်တာပဲ။ သူ
တကယ် မိုးမှောင်လေးနှင့် အကွာအဝေးတစ်ခုခြားပြီး နေမှ ရတော့မည်ပင်။ ဒီလိုမှမဟုတ်လျှင် အရောင်ကင်းမဲ့ကာ ဖြူစင်သည့် အဝတ်ဖြူတစ်ခုကို စွန်းထင်စေသလို...သူ မိုးမှောင်လေးကို စွန်းထေးမိသွားပေလိမ့်မည်။

ကုတင်အောက်က ကြမ်းပြင်ပေါ်မှာ ထိုင်ချရင်း...၊ ကွေးကွေးလေး အိပ်နေသည့် ကလေးတစ်ယောက်ကို တစ်ညလုံး နောင်တတွေဖြင့် ငေးကြည့်နေသည့် ယောကျာ်းပျိုတစ်ဦး...။

.

.

.

.

.

လင်းဒီပါ မှေးခနဲ အိပ်ပျော်သွားရာကနေ နိုးထလာသည့်အချိန်မှာ ကုတင်ပေါ်က မိုးမှောင်သည် ရှိမနေတော့။ လင်းဒီပါ ထိတ်လန့်တကြား
ဆက်ခနဲ ထလိုက်၏။

မနက်ခင်း ဝေလီဝေလင်းထဲသို့ ကျော်လွန်
ရောက်ရှိနေပြီဖြစ်သောကြောင့်
မှောင်ရီဖြိုးဖျနေသည့်အလင်းကနေ
နေအိုရောင်နေခြည်သဲ့သဲ့တို့သည် အစားဝင်ရောက်နေလေသည်။

 မိုးမှောင် ( Complete )Where stories live. Discover now