Uni
နေ့လည်တောင် ရောက်နေပြီ။
ဘာလို့ အဲ့လောက်ထိ အလုပ်တွေချည်းပဲ လုပ်နေတာလဲ။ငါ့ကိုကျ ထမင်း အတင်းစားခိုင်းပြီး သူကျ ဘာလို့မစားသေးတာလဲ။
ပြောလိုက်ရမလား။
မဖြစ်သေးပါဘူး ငါ့သူ့ကို ဥပေက္ခာပြုဖို့ စဥ်းစားထားတာမလား။ဘယ်လိုလုပ်ရင် ကောင်းမလဲ။
"အဟမ်း အဟမ်း...."
ဘာလဲ
"အဟမ်း အဟမ်း အဟမ်း....."
လှည့်တောင် မကြည့်ဘူး အဖတ်မလုပ်ထားလား
"အဟမ်း အဟမ်း အဟမ်း......"
ဘာလဲ သူပြောတာ ငါ့ကို ရဖို့ကြိုစားတော့မယ်ဆို ဘာလို့ နည်းနည်း လေးတောင် လူကို အဖတ်မလုပ်ရတာလဲ။
မခေါ်ဘူး မခေါ်ဘူး ငါလုံးဝ မခေါ်ဘူးးးးးး
"ခန့်ညားထည်ဝါ"
"အင်း"
ဘာလဲ ဝတ်ကျေတန်ကျေ ပြန်ဖြေတာလား
အလုပ် လုပ်တာ မပြတ်ဘူး"ခန့်ညားထည်ဝါ"
"အင်း"
"နည်းနည်းလောက် လူကို အဖတ်လုပ်ဦး"
"ပြောလေ ခွန်း ဘာလိုလို့လည်း"
"ဟိုဟာ ရေသောက်ချင်လို့"
"အင်း ကိုယ်ယူပေးမယ်"
ငါ ဘာလို့ အဲ့လို ပြောမိလိုက်တာပါလိမ့်
ရေတောင် ကိုယ့်ဘာသာကိုယ် ထမသောက်နိုင်တော့ဘူးလား
တကယ်ပဲ"ဒီမှာ"
"ကျေးဇူး"
ဘာလဲ တိုက်ပြီးတော့ တန်းပြန်ထိုင်တော့တာပဲ
ရှင်က ကျွန်မကို လိုက်နေတဲ့သူလား ကျွန်မက ရှင့်ကို ပြန်လိုက်နေရတာလား
"ခန့်ညားထည်ဝါ"
"ပြော ခွန်း"
"ဟို...
"ဘာလို လို့လဲ ပြောလေ"
"ဗိုက်ဆာလို့"
"ဘာစားချင်လဲ"
"ထမင်း"
"အင်း ကိုယ့်ထည့်ပေးမယ်"
ခုနတုန်းက စားထားတာလေ ဘယ်သူက ထပ်ဆာမှာလဲ
ဘာမှတောင် မမေးဘူး
YOU ARE READING
You had me at hello
Romanceလူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကိုကျေနပ်ဖို့ ကောင်းတယ် ခန့်ညားထည်ဝါ အားနည်းချက်တွေရှိတဲ့ လူတစ်ယောက်ဟာ အမြင့်ဆုံးကို ရောက်ချင်တဲ့အခါ အချစ်ဆိုတာ အလိုလိုနေရင်း ...