Part 55

3.2K 115 8
                                    

Uni

မမလေးကိုကြည့်ကာ နှင်းရည် သနားလာသည်။
ဟိုတစ်ခေါက်ပြန်လာတုန်းကလည်း ဒီလို တမှိုင်မှိုင် ဖြစ်ဖူးသည်။
ဒါပေမယ့် အကိုလေး လိုက်လာတော့ မမလေး ပျော်သွားတယ်။

အခုတော့ အဲ့လိုမဟုတ်တော့။
မမလေး ရောက်တာ ၂ လတောင်ကျော်ပြီ မိုးတွင်းတောင် ရောက်တော့မယ်
ဒီ ၂လ အတွင်း မမလေးဟာ တစ်စက်မှ မပြောင်းလဲ။

အမြဲတမ်း တမှိုင်မှိုင်တတွေတွေနှင့် အိမ်ထဲက အိမ်ပြင်လည်း မထွက်
မမလေးကို ကြာတော့ သနားမိလာသည်။
အကိုလေးကလည်း ဒီတစ်ခါ လိုက်မလာ
အရမ်းချစ်ကြတဲ့ သူတွေက ဘာဖြစ်ကြတာများလဲ။

"နှင်းရည် ခွန်းကို တွေ့မိသေးလား"

"ဟိုမှာ မမ ခြံထဲမှာထိုင်နေတယ်"

"အေး ငါသွားလိုက်ဦးမယ်

မီးဖို ထဲမှာ ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အသားငါးတွေကို နွှင်ထားလိုက်နော်
ခွန်း ကြိုက်တာလေး ချက်ပေးရအောင်
ခံတွင်းတွေ့လို တွေ့ငြား"

"ဟုတ်ကဲ့ မမ နှင်းရည်ပြင်ထားလိုက်ပါ့မယ်"

"အေးအေး"

ဟုတ်တယ် နှင်းရည် မမလေးခံတွင်းတွေ့အောင် သေချာပြင်ဆင်ပေးရမယ်
ကျန်တာ ဘာမှ မလုပ်ပေးနိုင်ပေမယ့်ဒါတော့ လုပ်ပေးနိုင်ပါတယ်
မမလေးအတွက်အကောင်းဆုံး ချက်ပြုတ်ဖို့ စိတ်ကူးရင်း မီးဖို ထဲသို့သာ ဦးတည်လျက်

"ခွန်း"

"မမ"

ပူပြင်းစပြုနေသော နေရောင်အောက်မှာ ဘာမှ လိမ်းခြယ်ထားခြင်း မရှိသော ခွန်းမျက်နှာလေးက ဖြူဖျော့လှပါသည်။
နှုတ်ခမ်းတွေဟာလည်း အရင်လို ပန်းရောင်မသန်းတော့

"နေရောကောင်းရဲ့လား ခွန်း"

"ကောင်းပါတယ် မမရဲ့ ဘာလို့လဲ"

"ခွန်းကြည့်ရတာ ချောင်ကျသွားတာကို
လူကလည်း ပိန်သွားလိုက်တာဆိုတာ"

ရယ်စရာတွေ ပြောနေပြန်ပြီ
ခွန်း ပြုံးလျက်ပင် ပြန်ဖြေလိုက်သည်

"ခွန်းက နဂိုတည်းက ပိန်တာပဲ မမရဲ့"

"တူမှ မတူပဲ ခွန်းရယ်"

You had me at helloWhere stories live. Discover now