ခဲအို (သို့ ) ယောက်ဖ

409 36 24
                                    

<< Unicode>>

အချစ် နဲ့ အရှုပ်ထုပ်

" မောင် မောင့်သူငယ်ချင်း ကို အဲ့အလုပ်ကိစ္စ လွှဲထားလို့မရဘူးလား ဟန့် အိမ်ကိုလွမ်းလှပြီ မပြန်တာ 2လတောင် ရှိနေပြီ "

ကျယ်ဟန့် က ညအိပ်၀တ်စုံလေး လဲပြီးသကာလ ကုတင်ပေါ် ထိုင်ရင်း ကုန်းကျွင့်အားပြောသည်

" ဟန့် ရယ် မောင့် သူငယ်ချင်းက CEOလေကွာ ဘယ်လိုလုပ် သူ့ကို လွှဲခဲ့လို့ရမှာလည်း သူငယ်ချင်းမို့ သူအရေးပေးတာ ကို မောင်တို့က အလွဲသုံးစား လုပ်လို့မရဘူးလေ "

ကုန်းကျွင့်က ကုတင်ဘေးနား စားပွဲခုံလေး မှာ စာရင်းတွေ စစ်နေရင်း ကျယ်ဟန့်အား ပြောသည်

" အင်းပါ မောင်အဆင်ပြေမှ ပဲ သွားကြတာပေါ့ "

ကျယ်ဟန့်က ပြောရင်း အိပ်ယာပေါ်သို့ လှဲကာ ကုန်းကျွင့်အား ကျောပေး အိပ်သည်
ထိုအခါ ကုန်းကျွင့်က သက်ပျင်းချရင်း ထိုင်ခုံမှ ထကာ
ကုတင်ထက်က ကျယ်ဟန့် ဘေးနား၀င်လှဲသည် သူ့ကိုကျောပေးထားတဲ့ ခန္ဓာကိုယ်ငယ် လေး အား ထွေးးပွေ့ကာ

" စိတ်မကောင်း ဖြစ်သွားတာလား "

ကျယ်ဟန့်က မိသားစုကို အရမ်းချစ်တဲ့သူဖြစ်သည် ကုန်းကျွင့်က အလုပ်ကိစ္စနဲ့ ဘူဆန်မြို့ကို သွားရင်းက ကျယ်ဟန့်နှင့်ဆုံတွေ့ပြီး လက်ထပ်ခဲ့ကြသည် သူတို့နှစ်ယောက် လက်ထပ်ပြီး ကုန်းကျွင့်တို့ ဆိုးလ်ကိုပြန်မည့်အချိန် မလိုက်ဘူးဆိုပြီး အရမ်းကို ငိုနေခဲ့တာ အဲ့နေ့မှာပဲသူက ဒီလူသားလေးကို ကတိတစ်ခုပေးခဲ့ရသည် တစ်လတစ်ခါ မိသားစုဆီ ပို့ပေးမည်ဟူ၍ အခုလတွေမှာ အလုပ်မအားတာကြောင့်မလိုက်ပို့ပေးနိုင်ဖြစ်နေခဲ့တာ

"မဟုတ်ပါဘူး မောင် မှ အဆင်မပြေပဲ ဟန့်နားလည်ပါတယ် ဟန့်က မောင့်ကို အခက်တွေ့အောင် ဘယ်တော့မှ မလုပ်ပါဘူး "

ချစ်ရသူ ရဲ့စကားလေးတွေကြောင့် ကုန်းကျွင့်က အသည်းတယား ဖြစ်ကာ ခန္ဓာကိုယ်လေးအား သူ့ဘက်လှည့်စေသည်

" ဟန့်ရာ ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလည်း မောင် ချစ်ရလွန်းလို့ ရူးတော့မယ်ကွာ "

အချစ်နဲ့အရှုပ်ထုပ်(Completed )Where stories live. Discover now