ကျွန်မချစ်တာသူများကောင်လေးမိုးလေးတွေ တဖွဲဖွဲရွာနေတဲ့နေ့မှာ ကို ကို ကျွန်မစတွေ့ခဲ့တယ် ''ကို'' ဟုတ်တယ် အဲ့တာ သူ့ကို ကျွန်မတိတ်တခိုး ပေးထားတဲ့ နာမ်စားလေးပေါ့ ကျွန်မ ခေါ်ခွင့်မရမှန်း သိရဲ့နဲ့ ပေး ထားခဲ့တဲ့ နာမ်စားလေး
ကျွန်မနာမည်က ယွန်းသစ္စာမေ ကိုနာမည်ကတော့ ရှိုင်းလင်းခန့် ပေါ့ ကျွန်မ ပထမဆုံး first year တက်တဲ့နေ့ မိုးလေးတွေက ရွာနေတယ် ကျွန်မ ကအိပ်ယာထ နောက်ကျတက်တဲ့ အကျင့်ရှိတော့ အဲ့နေ့ လည်း နောက်ကျ လို့ ကျောင်းလားရင်းနဲ့ ကို့ ကို တိုက်မိတာ
ကျောင်းကလည်း နောက်ကျ မိုးကလည်း ရွာနေတော့ ကျွန်မ စိတ်တိုတို နဲ့ ကို ကိုအော်ခဲ့မိတယ် ''လူတစ်ယောက်လုံးကို မမြင်ဘူးလားလို့ '' အမှန်တကယ် ဝင်တိုက် မိတာ ကျွန်မပါ ကို ကို အော်ခဲ့ပြီး ချက်ခြင်း ထွက်လာခဲ့တယ် အတန်းထဲသို့ သွားပြီး ကျွန်မ သူငယ်ချင်းရှိတဲ့ စီဝင်ထိုင်လိုက်တယ် ကျွန်မသူငယ်ချင်း နာမည်က သိရီယမုံ
ကို ကိုအော်တာအော်ခဲ့တာ ကိုက ခန့်ချောကြီး ကိုရဲ့ ချောမောမူတွေကို မျက်လုံးထဲ ကမထွက်ဘူးဒီလိုနဲ့ ကံကြမ္မာ က အကြောင်းဖန်လာ တော့ ကိုနဲ့ ကျွန်မ နဲ့ ထက်တွေ့ဖို့ အကြောင်းဖန်လာ တယ် ကျွန်မ အချိန်ပိုင်းအလုပ်မှာ အနိုင်ကျင့် ခံနေရချိန် ကိုက ကျွန်မကို ကယ်ပေးခဲ့တယ် ပြီးတော့ သိခဲ့ရတာက ကိုယ်က ကျွန်မ တို့ကျောင်းကတဲ့ နောက်ဆုံးနှစ် တဲ့ ကျွန်မ အရမ်းပျော်သွားတယ် ကိုက ကျွန်မ စိတ်ညစ်နေမှန်း သိတော့ အဲ့နေ့ ကျွန်မနဲ့ လျှောက်လည်ပေးခဲ့တယ် သူ့အကို နဲ့ ကို ပေါင်းပြီး ဖွင့်ထားတဲ့ ကုမ္ပဏီ မှာ လည်း ကျွန်မကို အလုပ်လုပ်ခိုင်း ခဲ့တယ် ကိုရဲ့ အတွင်းရေးမှူးအနေနဲ့ပေါ့ အဲ့အချိန်က စပြီး ကိုနဲ့ ကျွန်မ နီးစပ် ခွင့်ရခဲ့တယ် ကိုက ကျွန်မကို အရမ်းဂရုစိုက်တာပဲ့ ကျောင်းသွား ကျောင်းပြန်က အစ ကို့ရဲ့ကားနဲ့ပဲပေါ့ ကိုနဲ့ ကျွန်မနဲ့ ကျောင်းပိတ်ရက်တွေကျ ရင် ကုမ္ပဏီ မှာ အလုပ်တူတူလုပ်တယ် အလုပ်ပြီးရင် လျှောက်လည်တယ် ကိုက တစ်နေ့ ကိုနဲ့ကျွန်မ နဲ့ အတူတူ လျှောက်လည်နေရင်း ကိုပုံစံကြည့်ရတာ တစ်ခုခုကို အလိုမကျသလို မွန်းကျပ်နေသလိုပဲ နေရာတစ်နေရာအရောက် ကားကို ရပ်လိုက်တယ် အဲ့အချိန်က ည ၉နာရီလောက်ရှိပြီ ဟုတ်ပါတယ် ကျွန်မနဲ့ကိုက တစ်ခါတလေ အဲ့လို ညနက်တဲ့အထိလျှောက်သွားတက်တယ် ကိုက ကားပေါ်ကနေ အောက်ကို ဆင်းသွားပြီး ကျွန်မက ဆင်းလာဖို့ အချက်ပြတယ် အဲ့နေရာက ကမ်းခြေတစ်ခု ကျွန်မ ဆင်းသွားတော့ ကို အချိန်ကြာကြာ ထိစကားမပြောသေး နောက်ဆုံးတော့ ကိုကျွန်မ စကားစပြောတော့မယ်တဲ့တူတယ် ကျွန်မနာမည်ကို ခေါ်လိုက်တယ် ''ယွန်း'' တဲ့ ကျွန်မလည်း ကိုဘက်လှည့် ပြီး ကို မျက်နှာ ကိုကြည့်လိုက်တယ် ပြောလို့ရတယ်ဆိုတဲ့ပုံစံနဲ့ပေါ့ ကိုကပြောတယ် ''ယွန်း နင်ကအရမ်းခင်ဖို့ကောင်းတာပဲ့ နင်တာငါ့ကောင်းမလေး ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ'' တဲ့ ကျွန်မ ရင်တွေအရမ်းခုန်နေတယ် '' မနောက်ပါနဲ့ အကိုရယ်'' လိုတာ ရယ်ပြီး ပြန်ပြောလိုက်တယ် အမှန်တော့ ကျွန်မရင်တွေအရမ်းခုန်နေတာ ပါ ကျွန်မ ကို ကို ချစ်တယ်လို့သိတာ ကြာပါပြီ ကျွန်မ ကို ရုတ်တရက်ကြီး ကို လာနမ်းလိုက်တယ် ကျွန်မရဲ့ first kiss လေး ကို ကိုပေးလိုက်ရတယ် ဒီလိုနဲ့ ကျွန်မ တို့ အိမ်ပြန်လာခဲ့တယ် အဲ့နေ့ က စပြီး ကို ကျွန်မကို မဆက်သွယ်တော့ဘူး တစ်ပတ်ရှိပြီ ကို ကုမ္ပဏီ ကိုလည်းမလာဘူး တစ်နေ့ ကိုရဲ့ အကို ကဖိတ်စာ တစ်ခုလာပေးတယ် စေ့စပ်ကြောင်းလမ်းတဲ့ဖိတ်စာ ကျွန်မက ကိုရဲ့အကိုကို ပြောလိုက်သေးတယ် '' အိုး ကျွန်မတို့ရဲ့ ceo ကြီးလက်ထက်တော့မယ်ပေါ့'' လို့ ရယ်ပြီးပြောလိုက်တော့ ကို့ရဲ့ အကိုက ''ဖိတ်စာကို သေချာကြည့်အုန်း ဉီးသွားပြီနော်'' လို့ပြောပြီး အခန်းထဲက ထွက်သွားတယ် ကျွန်မ ကြောင်သွားတယ် ကျွန်မ စိတ်တွေ အရမ်း စိုးရိမ်နေတယ် မဟုတ်ပါနဲ့ လို့ ဆုတောင်းနေမိတယ် ဖိတိစာကို ဖွင့်ကြည့် မိတော့
"မောင်ရှိုင်းလင်းခန့် နှင့် မသိရိယမုံ မဂ်လာ ဧည့်ခံပွဲ''
ကျွန်မ ဆုတောင်းမပြည့်ခဲ့ ဘူး ကျွန်မ ယုံလည်းမယုံနိုင်သေးဘူး ဟိုတစ်နေ့ ကပဲ ကိုကျွန်မကို နမ်းသေးတယ်လေ ကို ကို ဖုန်းခေါ်တယ် ကိုဖုန်းက ဆက်သွယ်မူ ဧရိယာ ပြင်ပတဲ့ စေ့စပ်ပွဲက မနက်ဖြန် ဆိုတော့ ကိုကျွန်မ ကို ဘာလို့ အဲ့လိုလုပ်တာ လဲ သရီက ကျွန်မ ရဲ့ အချစ်ဆုံးသူငယ်ချင်း လေ ကိုလည်း သိတယ်လေ အဲ့တာကို ကိုက ကျွန်မကို ဘာလို့ မျှော်လင့်ချက်တွေပေးခဲ့တာလဲ