{ Zawgyi }
အရေးအသားမသေသပ်ရင်တောင်း
ပန်ပါတယ်စာလုံးပေါင်းပြန်မစစ်ထားတာကြောင့်အမှားပါရင်ဖြည့်ဖတ်ပေးပါ
___________________ဒီရက်ပိုင်းတွင်းJiminရဲ့ ကိုယ်ကအရမ်းကိုဆိုးရွားလာခဲ့သည်။ နန်းတွင်သမားတော်တွေနဲ့ပြသောလည်း ရောဂါရှာမရသေ။ သလွန်ပေါ်တွင်ဖြူဖျော့ကာလှဲနေသော jiminဘေးတွင်jung kookသည် ထိုင်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်ရဲ့လက်များကတော့တင်းကျပ်စွာ ချီနှောင်ထားလျှက်အနေအထားဖြင့်ရှိနေခဲ့သည်။ jung kookသည်Tae hyungတို့အဖွဲ့အားခေါ်ကာ jiminကိုပျော်ရွင်အောင်ပြုလုပ်ခိုင်းသောလည်း jiminသည် အရမ်းကိုမှတိတ်ဆိတ်လွန်းနေခဲ့သည်။ အခုလည်းသူတို့နှစ်ယောက် ရေကန်အလည်က နာနေဆောင်းလေးထဲမှာ jiminအားရင်ခွင်ထဲထည့်ထားကာ သူကအနောက်မှာ သေးသေးလေးဘဲရှိတော့သော ခန္တာကိုယ်လေးအာဖွဖွလေးဖတ်ထားခဲ့သည်။
"ကလေးငယ်....ဘယ်နားကအဆင်မပြေတာဖြစ်သေးလည်း"
"ဟင့်အင်းမရှိပါဘူးကျွန်တော်အဆင်ပြေပါတယ်"
"ကလေးတစ်ခုခုဖြစ်ရင် ကိုယ်တော်ကိုပြောနော်"
"ဟုတ်"
"လိမ္မာလိုက်တာကွာ"
jung kookပြောရင်း ဘေးတိုက်မြင်နေရတဲ့ ပါးပါးလေးအား နှုတ်ခေါင်းနစ်ဝင်တဲ့အထိနမ်းရှိုက်ပြစ်လိုက်မိသည်။ ဒီကလေးလေး အရမ်းအသည်းယားဖို့ကောင်းတာဘဲ။
"Jeon..."
Jeonဆိုတဲ့နာမ်စားလေးကတော့ jiminသူ့အားချစ်တယ်လို့ဝန်ခံပြီးနောက်ပိုင်း ခေါ်လာသည့်နာမည်ဖြစ်သည်။
"ဟင်"
"ချစ်တယ်နော်"
"ကိုယ်တော်ကပိုချစ်ပါတယ်"
သူတို့ထိုအဆောင်တွင် ခဏလောက်နေလိုက်ပြီး သူ့ကလေးငယ်လေးလေးစိမ်းတွေ အတိုက်ခံရမည်ဆိုးသောကြောင့် အိမ်ဆောင်သို့သာပြန်လာခဲ့ကြသည်။ ပြန်လာသည့်လမ်းတစ်လျှောက်လုံး သူ၏ရင်ခွင်ထဲတွင် ထည့်၍ပွေ့ချီထားသောအကောင်ပေါက်လေးသည် သူရင်ဘက်ကို မျက်နှာသေးသေးလေးနှင့်တိုးဝေ့နေခဲ့သည်။ ကြောင်ပေါက်လေးကသူ့နှလုံးသားလေးကို လက်သည်းလေးနှင့်ဖွဖွလေးလာ၍ကုတ်ခြစ်နေသကဲ့ပင်ခံစားနေရသည်။ အရင်ကထက်လည်းသူ့အပေါ်ပို၍ ကပ်တွယ်လာခဲ့သည်။
YOU ARE READING
LUV (or) I'm staying in you
Fanfictionသောက်ကျိုးကိုနည်းငါကBOOSတဲ့လာဟ😣😣 သောက်ကျိုးကိုနည်းငါကBOOSတဲ့လာဟ😣😣 (Zawgyi & Unicode)