{Zawgyi}
အရေးအသားမသေသပ်ရင်တောင်း
ပန်ပါတယ်စာလုံးပေါင်းပြန်မစစ်ထားတာကြောင့်အမှားပါရင်ဖြည့်ဖတ်ပေးပါ
___________________Jiminသူ့မျက်နှာတွင်လာစင်သော အနည်းငယ်ပူနွေးနေသည့် ရေနွေးများကို လက်ဖြင့်ခါထုတ်လိုက်ကာ နှုတ်ခမ်းတွင်အပြုံးရေးရေးလေးကိုဆင်၊ မျက်ခုံးတစ်ဖက်ကိုပင့်လျှက် နန်ဆောင်အတွင်းရှိ စားပွဲပေါ်တွင် ထိုင်နေသောသူ့၏ ဖအေမတူအမေကွဲနှမတော်အားကြည့်ရင်း နှုတ်ဆက်လိုက်သည်။
"မိဖုရာရဲ့ ကြိုဆိုနည်းက ဒီကအကိုတော်ကို အံ့သြသင့်စေရပါတယ်"
"အကိုတော် ဟက်~~~~ယောက်ျားတစ်ယောက်ရဲ့ အောက်မှာခစားရတဲ့ မိန်းမပျက်လို...အကောင်ကများ...."
ထိုစကားကိုကြားသောအခါ jiminရဲ့မျက်နှာရှိအပြုံးသည် ပိုမိုထင်ရှာလားပြီ သရောပြုံးကြီးလုံးလုံးပေါ်လာခဲ့သည်။
"ဒီကအစ်ကိုတော် အရှင်မင်းကြီးစီမှာခစားနေရတဲ့အချိန်...မိဖုရာကြီကရော မခစားခဲ့ရလို့လား...
Jiminသည်ထိုနေရာတွင်စကားစကို ခနရပ်နားလိုက်ပြီး တစ်ခုခုကိုသတိရသွားသောအမှုအရာဖြင့် ဇာတ်လိုက်မကိုကြည့်ကာ ပြောလိုက်သည်။
"အာ~~~ဘယ်လိုလုပ်ရမလဲ ဒီကသခင်လေးမေ့သွားလို့...နန်တော်ထဲမှာတချို့သူတွေပြောနေကြတာကြားတယ်....မိဖုရာကြီးအဆောင်တော်ဝင်ရတာ တစ်ခါဘဲရှိတယ်ဆို...ပြီးတော့ဆိုကြသေးတယ် မိဖုရားကြီးကမစွမ်းဆောင်နိုင်ဘူးတဲ့"
jiminပြောသောစကားတစ်ကြောင်းချင်စီတိုင်က သူမမျက်နှာအားဖြတ်ရိုက်သလိုခံစားရစေသည်။ အဆောင်တော်ဝင်တာက ကိုယ်လုပ်တော်တွေ ကြင်ယာတော်တွေအတွက်ဆို ကိစ္စသိပ်မရှိပေမဲ့ မိဖုရားတွေအတွက်ကမူ အလွန်အရေးပါသည်။
ယခုသူမအဆောင်ထဲမှာ သူမအစေခံတွေအရှေ့မှာ ထိုသို့အပြောခံလိုက်ရခြင်းသည် လွန်စွာအရှက်ကွဲမှုကြီးပင်။"နင်!!!"
ဟာယွန်းဒေါသကိုမထိန်းနိုင်စွာ jiminရှိရာသို့သွား၍ ပါးအားရိုက်ချလိုက်တော့သည်။ jiminသည်အလျှင်အမြန် လက်ကောက်ဝတ်မှနေ၍ ဆွဲဖမ်းလိုက်သောကြောင့် ဆန်ပြုတ်သောက်ရမည့်ဘေးမှ ကင်းလွတ်သွားသည်။
YOU ARE READING
LUV (or) I'm staying in you
Fanficသောက်ကျိုးကိုနည်းငါကBOOSတဲ့လာဟ😣😣 သောက်ကျိုးကိုနည်းငါကBOOSတဲ့လာဟ😣😣 (Zawgyi & Unicode)