Chapter (29)💘

5.5K 680 139
                                    

Unicode

"Min..!! ကျောင်းသွားမလို့လားတူတူသွားမယ်လေ.."

ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် jiminတစ်ယောက်လန့်သွားဟန်ပင်..။
သို့သော်လည်း သိပ်ပင်မကြာလိုက် မျက်နှာတွင် ထင်ဟပ်လာသောစိတ်ရှုပ်နေမှုများက အရိပ်အကဲလိုက်ဖမ်းစရာ
မလိုတဲ့အထိ သိသာနေခဲ့သည် ။

"အင်း..မင်းရောဘာလာလုပ်တာလဲ.."

စိတ်မပါလက်မပါနှင့် ‌ပြန်ဖြေသည့်လေယူလေသိမ်းက အထိနာစေရန်လုံလောက်သော်လည်း
မသိချင်ယောင်ဆောင်နေသည့် Jeonအတွက်တော့..
ပန်းနှင့်ပေါက်သည်ဟု ခံယူထားသည့်အလားပြုံးဖြီးနေသည်

"Min..ကိုယ်တို့မဒိတ်ရတာကြာပြီနော်.."

အမေးစကားနှင့် အဖြေစကားဟာ ညှိစရာမလိုအောင် ကွဲလွဲနေလျက်..လက်ဖဝါးသေးသေးဖောင်းဖောင်းလေးအား..ဆွဲယူဆုတ်ကိုင်လိုက်သည်။

"Date ??ဘာဒိတ်လဲ..ဘယ်အချိန်ရောက်လာမယ်မှန်းမသိတဲ့
လူတစ်ယောက်ကို
ငါတစ်ယောက်ထဲ ‌ထိုင်စောင့်နေရမဲ့ ဒိတ်မျိုးလား..?
စိတ်မဝင်စားဘူး Jungkook.."

ဆွဲကိုင်ထားသည့်လက်အား ဖြုတ်ချရင်း မျက်လုံးထဲသို့စိုက်ကြည့်ကာ တစ်လုံးခြင်းပီပီသသဆိုလာခဲ့ပြီး လမ်းဆက်လျှောက်သွားပြန်လေရဲ့..

"Min အဲ့ကိစ္စကိုအခဲမကျေသေးဘူးဘားဟင်..ကိုယ်အနူးညွှတ်တောင်းပန်ပါတယ်နော်.."

လက်လေးအားပြန်ဆုတ်ကိုင်ပြီး မျက်နှာငယ်နှင့်
ခခယယတောင်းပန်နေသောသူသည် မြင်တွေ့ရသူတိုင်း ဂရုဏာသက်စရာကောင်းသော်လည်း
jiminဆိုသည့်လူသားလေးကတော့ မျက်နှာလွဲပစ်ရက်သည်။

"အခဲမကျေစရာလား..
ဒီမျိုးတွေကသံမှိုတက်အောင်စွဲနေပြီ ခံစားရတာများတော့ နည်းနည်းအောင့်သက်သက်နိုင်‌ရုံပေါ့.."

"ကိုယ် Minကိုအဲ့လိုခံစားရစေဖို့မရည်ရွယ်ပါဘူး..တကယ်တောင်းပန်ပါတယ်.."

"ဘယ်အချိန်ထိလိုက်နေဦးမှာလဲ jungkook..
သွားစရာရှိတာသွားစမ်းပါ..ငါ့ကိုလာမရှုပ်စမ်းနဲ့.."

မျက်နှာပေါ်သို့ကျနေသော ဆံပင်များကို နဖူးပေါ်သက်တင်ရင်း မျက်မှောင့်ကျုံ့ကာပြောဆိုလာသည့် Minကြောင့် မဆိုစလောက်လေး ဒေါသထွက်လာရသည်..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now