Chapter (18)💘

6.4K 680 80
                                    

Unicode

ဖြေးညင်းစွာ တိုက်ခတ်သွားသည့် လေပြည်လေးများနှင့် ကြွေကျလုနီးပါးဖြစ်‌နေသောသစ်ရွက်လေးများလည်း လှုပ်ယိမ်းသွားသည်..

မှာထားသော Latteတစ်ခွက်ကို နှုတ်ခမ်းဖျားပေါ်တင်လိုက်သည်..
လျှာဖျားပေါ်စီးဝင်လာသည့်အရသာက အကြိုက်ကြီးမဟုတ်သော်လည်း သောက်လို့ကောင်းနေသည်မလို့ အပြင်သို့ငေးရင်း ထိုင်သောက်နေလိုက်သည်..။

Cafeဆိုင်ထဲတွင် ဖွင့်ထားသော သီချင်းငြိမ့်ငြိမ့်လေးကြောင့် ခုနကစိတ်ရှုပ်မှုသည် အနည်းငယ်လျော့သွားရသည်...။

"စောင့်ရတာကြာသွားလား jungkook..
အခုမှပဲ လူရှင်းတော့တယ် ဟူးးး"

အမေးစကားလေးနှင့် မိမိရှေ့ကိုဝင်ထိုင်လာတဲ့ minက တော်တော်ပင်ပန်းနေသယောင်..။
နဖူးစက်လေးတွင်လည်း ချွေးသီးလေးများက သီးနေသေးသည်..

"‌မကြာပါဘူး..ကော်ဖီသောက်ရင်းနဲ့ဆိုတော့ ဘယ်လိုအချိန်ကုန်သွားမှန်းတောင်မသိလိုက်ဘူး.."

"အင်း..ငါဝယ်တိုက်တာနော်..သောက်ချင်ထပ်သောက်.."

"ငါ့ကိုညဘက်အိပ်မပျော်အောင်လုပ်မလို့လားMin.."

ရွှတ်နောက်နောက်လေးပြန်ပြောတော့..minကပြုံးသည်..
နဖူးကချွေးစက်လေးများကို ဖယ်ရှားလိုက်ပုံကလည်း တစ်မျိုး အနုပညာဆန်နေသယောင်..

"ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ jungkook?"

"ဒီအတိုင်းပါပဲ..ပျင်းနေတာနဲ့ ကားပတ်မောင်းရင်း မျက်လုံးထဲ မနှစ်မြိုစရာပုံရိပ်ကြီးက ကိုးလိုးကန့်လန့်ဝင်လာလို့.."

"ခုနက ကိစ္စအတွက်တကယ်ကျေးဇူးပါ jungkook..ငါနောက်ကျရင် ပိုက်ဆံပြန်ဆပ်ပါ့မယ်.."

"တော်ပါ..မလိုပါဘူး ခုနလိုသာ လူတွေရဲ့အအော်ကိုခံမနေနဲ့ ပြန်သာအော်ပစ်.."

"ဟဟ..မင်းကတော့လူမိုက်အားပေးလုပ်နေပြီ.."

ခပ်ဟဟလေးရီရင်းပြောလာတဲ့စကားနောက် ဘာအသံမှထပ်ထွက်မလာတော့..Minဘာတွေတွေးနေလဲဆိုတာminသာသိမည်..

I WANT TO BE HIS LOVE (Completed)Where stories live. Discover now