ᴡ ʀ ᴏ ɴ ɢ

1.3K 128 23
                                    

Unicode
(Zawgyi version below)

နာရီကိုကြည့်လိုက်တော့ မနက် ၉ နာရီ ချက်ချင်းထလိုက်ကာ ရေချိုးခန်းထဲသို့ ရေချိုးအပြီး အညိုရောင် ဒူးလောက်သာရှိသည့် လက်ရှည်ဂါဝန်လေးကိုသာ ဝတ်ကာ မိတ်ကပ်ပါးပါး ပြင်ဆင်ပြီး အောက်ထပ်သို့

~

အောက်ရောက်တော့ မေမေက ထမင်းစားဝိုင်းတွင် အဆင်သင့် စောင့်နေသည်မလို့ ခပ်မြန်မြန်ဝင်ထိုင်လိုက်သည်။

"မေမေ သမီး ဒီနေ့ BaRam နဲ့ တွေ့စရာလေးရှိလို့ ပေါင်မုန့်ပဲစားသွားလိုက်တော့မယ်နော် "

"ဟုတ်ပါပီကွယ် ဖြေးဖြေးသွား"

မေမေကို သွားမည့်အကျိုးအကြောင်းပြောကာ ပေါင်မုန့်တစ်ချက်ယူပြီး ယိုသုတ်၍ လက်ကာကိုင်ကာ ခြေလှမ်းတို့က BaRam နဲ့ ချိန်းထားသည့် ကော်ဖီဆိုင်သို့ ...

~

"ကဲပြောပါဦး ချိန်းလိုက်ရတဲ့အကြောင်းအရင်းလေး"

"အင်းး ငါ့ကို မနေ့က စီနီယာ ဂျောင်ကု ဖွင့်ပြောတယ်"

"ဘာ!! ဝါးးး စွံလိုက်တာ HaeRa တို့ကတော့ ဒါနဲ့ နင်သတိထားဦးနော် "

"ဟမ် ဘာကိုသတိထားရမှာလဲ"

BaRam ပြောလိုက်သည့်စကားကြောင့်ကျမခဏကြောင်သွားပြီး သိချင်စိတ်ကြောင့် မေးလိုက်မိသည်။

"နင်မသိဘူးလား အရင်က စီနီယာဂျောင်ကု LA မှာသွားနေတုန်းက ကောင်မလေးတစ်ယောက်ပြီး တစ်ယောက်ပဲတဲ့ ဒါပေမဲ့ တကယ် လားတော့ ငါလည်းသေချာမသိဘူး "

WTH!!!! ကိုယ့်နားကိုယ်တောင်မယုံနိုင် မဟုတ်ဘူးး သူကအဲ့လိုမဟုတ်ပါဘူးး

"ဟုတ်လို့လား?? စီနီယာ ဂျောင်ကုက အဲ့လိုလူစားမျိုးမှ မဟုတ်တာ နင်လဲတွေ့တာပဲလေ "

"အေးလေ ငါလည်း စစကြားတုန်းကတော့ မယုံဘူး ဒါပေမဲ့.......

BaRam က ဖုန်းထုတ်ကာ ကျမကို ပုံတစ်ပုံပြသည် ထိုသည်က စီနီယာ နှင့် ကောင်မလေးတစ်ယောက် နမ်းနေသည့်ပုံ

.....အမှန်တိုင်းပြောရရင် နင်ကိုသူနဲ့ မတွဲစေချင်ဘူး ပြီးမှ နင်ခံစားနေရမှာစိုးလို့ပါ"

: ғᴏʀᴇᴠᴇʀ ɪs ᴏᴠᴇʀ : { ᴄᴏᴍᴘʟᴇᴛᴇᴅ }Where stories live. Discover now