I Can't Live Without You! (Unicode)

291 18 27
                                    

Note: စာမဖတ်ရသေးခင် noteထည့်ပေးတာက ဒါဒါတို့ဖတ်နေရင်း လည်သွားမှာဆိုးလို့ပါ။ အတိတ်နဲ့ပစ္စုပ္ပန်ကိုရောရေးထားတာမို့ အတက်နိုင်ဆုံးကြိုးစားပြီး ရေးထားပါတယ်ဗျ ။ ခံစားချက်ရသ တစ်ခုခုရပါစေ။

_____________
_____________

အလုံပိတ်အမှောင်ခန်းထဲသို့ အမြင့်တစ်နေရာရှိ သံတိုင်အပေါက်များကြားမှ နေရောင်​ခြည်​က ထိုးဖြတ်ဝင်ရောက်လာပြီး အခန်းအား အနည်းငယ်လင်းနေစေသည်။ အခန်းထောင့်ရှိ သစ်သားခုံတန်းရှည်ပေါ်တွင် လှဲအိပ်နေသော အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် အမျိုးသားငယ်တစ်ဦးရှိသည်။ နေရောင်ခြည်က မနက်ခင်းအလင်းမှ မွန်းတည့်ချိန်သို့ ပြောင်းလဲသွားသည့်တိုင် ခဲရင့်ရောင် ထောင်ဝတ်စုံနှင့် အမျိုးသားငယ်ကတော့ နည်းနည်းမျှ မလှုပ်ပဲ ငြိမ်သက်စွာ အိပ်မြဲအိပ်စဲ ။

ထိုစဥ် အပြင်ဘက်လျှောက်လမ်းထက်မှ ခြေသံများထွက်ပေါ်လာပြီး ၎င်းတို့သည် အနှီအမျိုးသားငယ်၏ အခန်းပေါက်ဝတွင် ရပ်တန့်သွားသည်။

ကျွီခနဲ အသံမြည်လာပြီး ခိုင်ခံ့သည့်သံတံခါးဟာ ပွင့်သွားလျှင်  ထောင်စခန်း၏တာဝန်ရှိ အမှူထမ်းလေးယောက်က အခန်းတွင်းမှ အမျိုးသားငယ်အား လှမ်းကြည့်ကြသည်။ သူတို့ထဲမှ နှစ်ယောက်က အခန်းထဲဝင်လာကာ အမျိုးသားငယ်အား လှုပ်နှိုးတော့သည်။

နံရံအား မျက်နှာမူ၍ အိပ်နေသော အမျိုးသားငယ်ဟာ သူတို့၏လှုပ်နှိုးမှုကြောင့်  နိုးလာပြီး ထထိုင်လာသည်။ ပါးသိုင်းမွှေးနှင့်နှုတ်ခမ်းမွှေး ခပ်ပါးပါးပေါက်နေသော အမျိုးသားငယ်၏ မျက်ဝန်းများသည် အသက်မဲ့လူကဲ့သို့ ရေပြင်အလား တည်ငြိမ်နေသည်။ အနည်းငယ်ရှည်နေသော ဆံပင်များက နဖူးရှေ့ကျနေပြီး ညာဘက်မျက်ခုံးတွင် သေးငယ်သော အမာရွတ်လေးတစ်ခုလည်းရှိသည်။

ထောင်စခန်းတာဝန်ရှိတို့ရဲ့ ဆန္ဒအတိုင်း သူ့လက်နှစ်ဖက်အား စတီးကွင်းများဝတ်ဆင်စေပြီး မျက်နှာအား အနက်ရောင်အိတ် ဖုံးစွပ်ခြင်းခံလိုက်ရသည်။

သူကတော့ ထောင်သားနံပါတ် 103 ဖြစ်သည်။

'ဦး ဒီနေ့က ကျွန်တော့်ရဲ့တရားခွင်နောက်ဆုံးနေ့
ကျွန်တော့်အတွက် အဆုံးသက်တရားစီရင်ချက်က ဘယ်လိုဖြစ်မယ်မှန်း ကြိုသိနေပေမယ့် သူတို့ရဲ့လုပ်ထုံးလုပ်စဥ်ကြီးက တကယ်ကိုပျင်းစရာကောင်းတယ်
ဆူပူအော်ဟစ်နေတဲ့လူအုပ်ကြီးက ကျွန်တော့်ကို အပြစ်တင်ဆဲဆိုပြီး ကျွန်တော့်အတွက် တရားမျှတမှု မရှာပေးနိုင်ဘူး

I Can't Live Without You! ( Completed) One ShotWhere stories live. Discover now