ကိုကိုယုန်​​လေး(ကိုကိုယုန်လေး)

359 54 2
                                    

Zawgyi

ရှောင်​မားမား​ပြောခဲ့​သော ကိုကိုကိုယုန်​​လေေးအ​ကြောင်း

" ​အားကျန့်​​လေးက ​မွေးရာပါနှလံုးအားနည်းတယ်​။အားကျန့်​​မွေးကင်းစထဲက ​ဆေးရုံက ​​ဆေးဝါးစက်​ကိရိယာ​တွေနဲ့ မနည်းအသက်​ဆက်​လာခဲ့ရတာ။
အားကျန့်​​လေးအတွက်​ ​ဆေးရုံဆိုတာ သူအိမ်​လို့ ​ပြောလို့ ရ​လောက်​​အောင်​ သား​လေးက ​ဘယ်​အချိန်​ထ​ဖောက်​မယ်​မှန်းမသိတဲ့ သူ့​ရောဂါအတွက်​ အမြဲ​ဆေးရုံမှာ ​နေပြီး ​ဆေးကုသမှုခံယူရတယ်​။ အားကျန့်​က တခြားက​လေး​တွေ ​ပြေးလွှာ​ဆော့ကစားတာကို ​ဆေးရုံပြတင်း​ပေါက်​က​နေ အမြဲလိုလို ​ငေးကြည့်​​နေတက်​တာ။
အားကျန့်​ရဲ့ ​ရောဂါအ​ခြေအ​နေနဲ့ ​​ကျောင်းတက်​လို့ အဆင်​မ​ပြေတာ​​ကြောင့်​ အိမ်​မှာဘဲ ဆရာ​ခေါ်သင်​ခဲ့တာဆို​တော့ သား​လေးမှာ ကစား​ဖော်​ သူငယ်​ချင်းရယ်​လို့ တစ်​ဉီးတစ်​​ယောက်​မှမရှိခဲ့ဘူး။ တစ်​​နေ့ဆရာဝန်​က က​လေးကို စိတ်​​အပန်း​ဖြေနိုင်​​အောင်​ ခရီး​ထွက်​​ပေးဖို့ ​ပြောလာလို့ သူ့ပါးပါးအလုပ်​ရှိတဲ့ ဒီနယ်​​လေးကို ​ခေါ်လာခဲ့တာ။ ဒီ​ရောက်​​တော့သား​လေး ကျန်းမာ​ရေးအတွက်​ ဆု​တောင်းကြည့်​မယ်​ဆိုပြီး ဒီဘုရား​ကျောင်း​လေးကို ​လာခဲ့တယ်​။ ဆု​တောင်းပြည့်​တယ်​လို့ပဲ​ပြောရမလား ။သား​လေးအိမ်​ပြန်​​ရောက်​​တော့။ ပြုံးရယ်​​နေတာပဲ ။ သား​လေးအဲ့​လောက်​ထိ ပြုံးရယ်​​နေတာမမြင်​ဖူးလို့ အ​ဒေါ်ဆိုရင်​ ငို​တောင်​ငိုမိတယ်​ ။ ​နောက်​မှ ​မေးကြည့်​​တော့ သူနဲအတူတူ ကစားဖို့ သူငယ်​ချင်းရပြီတဲ့။ ​နောက်​​နေ့က စပြီး ဘုရား​ကျောင်းကို  မနက်​အ​စောကြီးလိုက်​ပို့​ပေးရတယ်​။ သား​လေးက သူ့မှာ ​ရောဂါရှိတယ်​ ဆိုတာ ​မေ့​လောက်​တဲ့ အထိ အိမ်​ပြန်​ချိန်​ဆို သူ့ရိ​ပေါ်​လေးနဲ့ ဘယ်​လို​ဆော့ခဲ့​ကြောင်း ၊ ရိ​ပေါ်​လေးက ဘယ်လို ချစ်​ဖို့​ကောင်း​ကြောင်း မ​မောနိုင်​မပန်းနိုင်​​ပြော​နေတက်​တာ။
နောက်​​တော့ ရိ​ပေါ်​လေးက ​နွေရာသီမှာပဲ ဒီကို အလည်​လာတာမို့ သူ့ကို ​​နွေရာသီတိုင်းဒီ​နေရာ​လေးကိုပို့​ပေးပါတဲ့။
နွေရာသီ​ကျောင်းပိတ်​ရက်​​တွေပြီးလို့ ရိ​ပေါ်​လေး ပြန်​သွားချိန်​​တွေဆို အားကျန့်​​လေးကလည်း.မြို့ပြန်​ပြီး.
ဆေးကုသမှုကို ပြန်​လည်​ခံယူရတယ်​။
အချိန်​​တွေက ဒီလိုပဲကုန်​ဆုံးပြီး မှတ်​မှတ်​ရရ ရိ​ပေါ်​လေး အလယ်​တန်းဒုတိယနှစ်​တက်​ဖို့ ပြန်​သွားတဲ့အချိန်​န်​ အားကျန့်​​လေးက ထူးထူးဆန်းဆန်းစကားတစ်​ခွန်​​ပြောခဲ့တယ်​။

Love summer (Complete)Where stories live. Discover now