Zawgyi
"ဖိနပ်နှစ်ရံ ယူသွားနော်"
ဉီးလေးဖြစ်သူရှိတဲ့ နယ်မြို့လေးကို ရိပေါ်တစ်ယောက်ထဲ ပထမဆုံးသွားမဲ့ ခရီးစဉ်မို့ စိတ်မချနိုင်စွာ တစ်တွတ်တွတ် မှာနေတဲ့ မားပါ။
"သားသိပါတယ်မားရဲ့"
ု"ပြီးတော့ ရထားကနှစ်ဆင့်စီးရမှာ ဟိုတစ်ခေါက်ကလို ....."
"အားရိုး မားရေ သားက ၁၈နှစ် အထက်တန်းကျောင်းသားလေးမဟုတ်တော့ဘူးနော် တက္ကသိုလ်နောက်ဆုံးနှစ်ရောက်နေပြီ"
"ဟုတ်ပါပြီ မားသားလေး အရွယ်ရောက်နေပြီမှန်းသိပါတယ် မားမှစိတ်မချတာ အခုသွားမှာကလည်းဝေးတယ်လေကွယ်"
"မားကလည်း သားအခုမှ သွားဖူးတာမှ မဟုတ်ဘဲ ငယ်ငယ်ထဲသွားနေကျပဲလေ"
"အင်းပါ မားမပြောတော့ဘူး ဉီးလေးကို သေချာရှင်းပြနော် မားနဲ့ပါးက မအားလို့ဆိုတာ "
"ဟုတ် သားသေချာပြောပြလိုက်မယ် အခုရထားနောက်ကျတော့ သားသွားတော့မယ်"
"အင်း မားသားလေးဂရုစိုက်နော်"
"ဟုတ်မား"
ရိပေါ် မားကိုနှုတ်ဆက်ပြီး အိမ်က ထွက်လာခဲ့ပါပြီ။ ဘူတာကိုသွားဖို့ ရိပေါ်တို့ လမ်းထိပ်က ကားဂိတ်မှာ ကားအရင်စောင့်ရဉီးမယ်။ ရိပေါ် အိမ်ကထွက်လာတာ မနက်၉း၀၀ ဆိုပေမဲ့ နေအပူရှိန်က အတော်ပြင်းနေပြီ။ ဒီအချိန်နေပူတာ ဆန်းလား။ နွေရာသီပဲဟာ။
ရိပေါ် နွေရာသီကို ကြိုက်တယ် ။ ကြိုက်တယ်ဆိုတာထက် မျှော်နေတက်ခဲ့တယ် ။အဲ့လို နွေရာသီကို မျော်နေတက်တဲ့ အကျင့်လေးက ရိပေါ် မူလတန်း နွေရာသီ
ကျောင်းပိတ်ရက်တွေထဲက တစ်ရက်မှာ စတင်ခဲ့တယ်။ အဲ့ဒီနေ့လေးကပေါ့...............❤............✿...........❤..........✿...
ရိပေါ်လေးက ဒီနှစ်နွေရာသီကျောင်းပိတ်ရက်မှာ ဉီးဉီးတို့ နယ်မြိုလေးကို မားမားတို့နဲ့ အတူလိုက်လာရပါတယ်။
YOU ARE READING
Love summer (Complete)
FanficOnly yizhan Not zhanyi နွေရာသီကို လူတစ်ယောက်ကြောင့် မျော်နေတက်ခဲ့တယ်....... နှေရာသီကို လူတစ်ယောက်ကြောင့် မျော်နေတက်ခဲ့တယ်....... Start date -5.9.2021 End date -5.9.2021 BXG day အမွတ္တရ Cover photo #crd