Part-4(Unicode)🍒🍒🍒

3 0 0
                                    

Gulf တစ်ယောက်ပန်းခြံထဲကခုံလေးပေါ်မှာ
ထိုင်၍ဖုန်းကြည့်နေသညိ။

အိမ်အကူကောင်မလေးတွေလာချပေးတဲ့
စားစရာတွေကစားပွဲဝိုင်းလေးပေါ်မှာအပြည့်။

ဖုန်းလေးကြည့်လိုက်အစားလေးစားလိုက်
နှင့်သူ့ဘဝကလောကနိဗ္ဗာန်ပင်.....။

သူ FbမှာMew Suppasit ဆိုတဲ့နာမည်
လေးကိုရိုက်ရှာပြီးfriend addလိုက်သည်။

Gulfအင်ဂျင်နီယာဝတ်စုံနှင့်P'Mewရဲ့
Profile ပုံလေးကိုကြည့်မဝပေ။

သပ်ရပ်တဲ့ဆံပင်ကေကP'Mewရဲ့
မျက်နှာချောချောကိုပို၍ပေါ်လွင်စေ
သယောင်။6'ပေကျော်လောက်သော
အရပ်အမောင်းနှင့်ထွားကျိုင်းသော
ခန္ဓာကိုယ်ကြောင့်ယောက်ျားပီသလျက်။
တကယ်ကိုချောမောလွန်းတယ်....။

ထို့နောက်P'Mewရဲ့ဓာတ်ပုံအောက်မှာ
Like&comments ပေးထားသော
လူပေါင်းများစွာကိုတွေ့ရတော့သဝန်တို
ရသေးသည်။

သူ့ရဲ့လက်ကအသဲပုံreactလေးကို
အလိုလိုနှိပ်မိသွားသည်။

"သခင်လေး....."

သူကြားလိုက်ရတဲ့အသံကြောင့်လှည့်ကြည့်
လိုက်တော့သူ့ရဲ့လူယုံတော်....။
ဒယ်ဒီကသူလိုအပ်တာတွေခိုင်းဖို့ငှားပေး
ထားတဲ့လူပေါ့......။

"ထိုင်ပါ....."

"သခင်လေး...စုံစမ်းခိုင်းထားတဲ့ကိစ္စ
သိရပါပြီ"

သူP'Mewရဲ့အကြောင်းကိုစုံစမ်းခိုင်းထား
တာဖြစ်သည်။

"ဒီစာအိတ်ထဲမှာသခင်လေးသိချင်သမျှ
အကုန်ပါ/ပါတယ်"

"Ok..... တာဝန်ကျေတယ်သွားလို့ရပြီ"

သူ့ရဲ့လူယုံထွက်သွားမှသူလည်းစာအိတ်
ကိုဖွင့်လိုက်ပြီးအထဲကစာတွေကိုဖတ်ကြည့်
လိုက်သည်။

ဒီစာရွက်ထဲမှာP'Mewဘယ်ဆေးရုံမှာ
မွေးဖွားခဲ့တာကအစယခုလက်ရှိဘဝ
အခြေအနေအဆုံးတိတိကျကျရေးထား
သည်။သူ့လူယုံကအရည်အချင်းရှိသားပဲ။

သူP'Mewရဲ့ဘဝအကြောင်းကိုခရေစေ့
တွင်းကျသိရှိလိုက်ရသည်။
အချိန်ပိုင်းအလုပ်နှစ်ခုလုပ်ရင်းတက္ကသိုလ်
တက်နေရတာဘယ်လောက်တောင်
ခက်ခဲလိုက်မလဲ?

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Where stories live. Discover now