Part-1(Unicode)🍒🍒🍒

8 1 0
                                    

Blackpink in your area🎶🎶🎶

Blackpink in your area🎶🎶🎶

နှိုးစက်နာရီမှ"Blackpink"အဖွဲ့ရဲ့သီချင်း
သံနဲ့အတူMewရဲ့နံနက်ခင်းလေးနိူးထလာ
ခဲ့သည်။

Blackpink ဆိုတာMewရဲ့idolအဖွဲ့ဖြစ်
​ပြီးRoseကတော့Mewအကြိုက်ဆုံး
အဖွဲ့ဝင်ဖြစ်သည်။

Mewတို့မိသားစုကရပ်ကွက်ငယ်လေး
တစ်ခုမှာနေထိုင်ကြသည်။

Bangkokကသူ့ရဲ့မွေးရပ်မြေတော့မဟုတ်။သူ့ကိုထိုင်းနိုင်ငံရဲ့ရွာငယ်လေးတစ်ခုမှာမွေးဖွားခဲတာဖြစ်သည်။

Mewအထက်တန်းတက်နေချိန်မှာသူတို့တစ်မိသားစုလုံးBangkokမှာပြောင်းရွှေ့နေထိုင်ခဲ့ကြ၏။

ရွာမှာရှိတဲ့ပိုင်ဆိုင်မှုအားလုံးကိုရောင်းချ
ပြီးရပ်ကွက်ငယ်လေးတစ်ခုမှာအိမ်လေး
တစ်လုံးဝယ်ခဲ့သည်။ဝယ်ကာစကအရောင်
အဆင်းမရှိသောအိမ်ကလေးမှာဖခင်ဖြစ်သူ
၏မွမ်းမံပြင်ဆင်မှုကြောင့်သပ်ရပ်ခန့်ညား
နေပေသည်။

Mewဖေဖေကရွာမှာပန်းရံ
ဆရာကြီးဖြစ်ပြီးလက်သမားပညာကိုလဲ
ကျွမ်းကျင်သည်။

အိမ်ဝိုင်းကျဥ်းကျဥ်းဝယ်မေမေနှင့်ညီမလေး
တို့စိုက်ပျိုးထားသောသစ်ပင်ပန်းမန်များနှင့်
စိမ်းလန်းစိုပြေနေပေသည်။

သူတို့မိသားစုလေးယောက်ရဲ့ဘဝဟာပစ္စည်းဥစ္စာမချမ်းသာသော်လည်းပျော်ရွှင်ဖွယ်မိသားစုလေးလို့ပြောနိုင်သည်။

Mewကအင်ဂျင်နီယာမေဂျာနောက်ဆုံးနှစ်
ကိုပင်ရောက်နေပြီဖြစ်သည်။သူ၏ချစ်လှ
စွာသောညီမငယ်Sundeeကတော့အနုပညာ
မေဂျာဖြင့်ကျောင်းစတက်တော့မည်လေ။

သူတို့မောင်နှမနှစ်ယောက်ဟာဝါဝင်းသော
အသားအရေနဲ့ချောမောသောရုပ်သွင်ကို
မွေးသမိခင်ထံမှလက်ဆောင်ရထားကြလေ
သည်။

Mewကအင်ဂျင်နီယာမေဂျာရဲ့
Kingဖြစ်ပြီးမြို့ပြအင်ဂျင်နီယာဘာသာရပ်
ကိုအထူးပြုထားသည်။

Mewကကျောင်းမတက်ခင်အချိန်ပိုင်းအလုပ်ရှိသည်မို့ရေမိုးချိုးအဝတ်အစားလဲ ပြီးစက်ဘီးလေးစီးကာထွက်ခဲ့သည်။

"မဲ့(အမေ)သား အလုပ်သွားပြီနော်....."

"အေးအေး လူး(သားလေး)....."

 ဒီရင်ခွင်ဆီကြွေဆင်းလှည့်ပါ"ကြယ်"Donde viven las historias. Descúbrelo ahora