《 Chapter 3.1 - 第三章 第一部分》

331 64 24
                                    

Scroll down for Zawgyi Code~

[Unicode Verison]

___________________________

ထန်ကျွင့်ဟယ်သည် ယန်ရွှမ်းနှင့် ပြန်တွေ့ရန် အခြေအနေအခွင့်သာ​တော့မည်မဟုတ်ဟုသာ ပုံသေမှတ်ထားခဲ့သည်။

အသက်ငါးနှစ်အရွယ်သာ ရှိသေးသော ကလေးတစ်ယောက်အတွက်မူ တစ်နှစ်တာ ကာလသည် ထိုတစ်နှစ်တာအတွင်း ဖြစ်ခဲ့​သော အရာအားလုံးအား မေ့​ပျောက်သွားရန် လုံလုံလောက်​လောက်ရှိသည်အထိ အလွန်တရာမှပင် ရှည်လျားထွေပြား လှလွန်းပေ၏။ သို့သော်ငြားသည် ချွင်းချက်အနေဖြင့် ထန်ကျွင့်ဟယ်သည် ယခုထက်ထိတိုင် ယန်ရွှမ်းအားမှတ်မိနေဆဲဖြစ်သည်။

သူ၏ ခြောက်နှစ်ပြည့်သော နွေရာသီတွင်တော့ ထန်ကျွင့်ဟယ်သည် ယန်ရွှမ်းအား တမံပြန်လည် တွေ့ဆုံခဲ့ရလေသည်။

အနက်ရောင်ကားတစ်စီး သူတို့အိမ်အရှေ့သို့ ရပ်ချလာနှင့်အမျှ သူ၏လက်အားဆုပ်ကိုင်၍ ထန်​ရှောင်နျန်သည်အိမ်အောက်ထပ်သို့ခေါ်သွား​တော့သည်။ ယခုတစ်ကြိမ်တွင်တော့ သူ မငိုမိတော့ချေ၊ ကားနောက်ခန်းထိုင်ခုံဆီသို့ နာခံစွာ​နှင့် ကိုယ့်ဟာကိုယ် တွယ်တက်သွားပြီး ထန်ရှောင်နျန်အား "တာ့တာ"ဟုပြောနေစဥ်အတွင်း သေချာမတ်မတ်ပင် ထိုင်လိုက် မိသေး၏။

မသွားခင်အတွင်း ထန်ရှောင်နျန်သည် သူ့အား ကြည့်ကောင်းသည့် အဝတ်အစားအချို့ပင် ဝယ်ပေး​​လေသည်။ အဖြူစွတ်စွတ် ရှပ်အကျီအား အောက်ခံထားလျှက် အပေါ်မှ မီးခိုးရောင် အကွက် ဝတ်စကုပ် လက်ပြတ်အား ထပ်ဝတ်လိုက်သည့်အပြင် လည်ပင်းတစ်လျှောက်တွင် ဖဲပြားလေးပါ ပေါင်းချည်လိုက်​သောအခါ ထန်ကျွင့်ဟယ်သည် လုံးဝမင်းသားငယ်လေးတစ်ပါးနှင့်တူသွားပေတော့၏။

________________________

ယန်ချန်းချွမ် သူ့အား အိမ်ပေါ်သို့ အတူခေါ်သွားသည့်အခါ၌တောင် အိမ်နီးနားချင်း တစ်ဦးက မြင်သွားပြီး အံ့သြစွာဖြင့် မေးလာသည်။

"အိုး၊ ဒီချစ်စရာကောင်လေးက ဘယ်က ရောက်လာတာပါလိမ့်"

ယန်ချန်းချွမ် ကပြုံးလျှက် ဝတ်ကျေတန်းကျေသာ ပြန်ဖြေ​ပေး၏။

Paper Plain - 纸飞机《Myanmar Translation》 Donde viven las historias. Descúbrelo ahora