Chapter I

5.6K 435 2
                                    

"ဘာ!!! လက်ထပ်ရမယ်"

"မင်းကြားတဲ့အတိုင်းဘဲ Jungkook"

"မဖြစ်နိုင်တာတွေကိုလာအမိန့်မပေးနဲ့ ဒယ်ဒီ"

"မဖြစ်နိုင်တာမဟုတ်ဘူး ဖြစ်နိုင်ကိုပြောနေတာ"

"အကြောင်းအရင်းကဘာလဲ"

"ဟက်...ဘာမှမပြောဘဲငြိမ်နေပုံထောက်ရင် စီးပွားရေးအတွက်ဘဲနေမှာပေါ့"

"မင်းကောင်းဖို့အတွက်စီစဥ်တာ Jungkook"

"အိုး...နွေလယ်ခေါင်မိုးရွာတော့မယ်ထင်တယ် ဒယ်ဒီကကျွန်တော့်အကြောင်းစိတ်၀င်စားနေတယ်ဆိုတော့"

"မရွဲ့နဲ့ Jeon Jungkook မိဘကကောင်းစေချင်လို့စီစဥ်တာလက်ခံ!"

"မွေးပြီး ကျွေးထားရုံနဲ့မိဘလို့ခေါ်ထားတာလားမှတ်ထားလိုက်မယ်နော် ဒယ်ဒီ"

"Jeon Jungkook!!! မင်းရိုင်းစိုင်းနေပါလား"

"ဒယ်ဒီနဲ့တူလို့နေမှာပေါ့"

"တော်!! လက်ထပ်ဖို့အဆင်သင့်ပြင်ထား"

"ဘယ်သူနဲ့ဆိုတာရော သိခွင့်ရှိမလား ။ တော်ကြာပွဲရောက်မှ သတို့သမီးကိုမသိရင်ကျွန်တော့် image ကျတယ်"

"သတို့သမီးမဟုတ်ဘူး သတို့သား"

"တဆိတ်....ဒါတော့လွန်သွားပြီမဟုတ်ဘူးလား ကိုယ့်သားကိုယ်ဟင်းရွက်ကန်စွန်းရွက်လို ထိုးကျွေးနေတာလား...။ ဟက်...ဟိုဘက်ကလည်းယောက်ျားချင်းကြီးကို...."

"မင်းဟိုကလေးကိုပြောစရာမလိုဘူး Jeon Jungkook!! PJ group ရဲ့အမွေဆက်ခံသူ Park Jimin နဲ့လက်ထပ်ရမယ်လို့သာသိထားလိုက် ။"

"လက်မခံတော့ရော ကျွန်တော်ကဘာလုပ်နိုင်မှာမို့လို့လဲ အရာအားလုံးဒယ်ဒီ့သဘောဘဲလေ ဟုတ်တယ်မလား...။"

Park Jimin တဲ့ ဘယ်သူလည်းမသိပေမယ့် ကျွန်တော်နဲ့ ရှေ့ဆက်ရမယ့် ခင်ဗျားအတွက်တော့စိတ်မကောင်းပါဘူး ။
____________________

"ဒယ်ဒီ ကျွန်တော် Jeon Jungkook ကိုလက်ထပ်ချင်တယ်"

"သားအခြေအနေက...."

"ပထမဆုံးနဲ့ နောက်ဆုံးတောင်းဆိုခြင်းပါ ဒယ်ဒီ"

"ကောင်းပြီ ။ ဟိုဘက်ကမိသားစုကိုဆက်သွယ်လိုက်မယ်"

LOVER = LO$ER //Complete//Where stories live. Discover now