Chapter IX [Final]

5.3K 379 12
                                    

အစ်ကို့ကျန်းမာရေးကကောင်းမလာတဲ့အပြင် အခုနောက်ပိုင်းပိုပိုဆိုးလာလို့ အစ်ကို့ရဲ့လျော့ရဲရဲပုံကိုမြင်တဲ့အခါတိုင်း သူရင်နာရပါသည် ။ ကုမ္ပဏီကလည်းအနားယူလိုက်လို့သာ အခြေအနေအများကြီးမဆိုးဘူးလို့ပြောရမယ် ။ တစ်ခါတစ်လေ သူ့ကိုယ်သူတောင်ပြန်မေ့သွားတတ်လို့ တစ်ယောက်ထဲလွှတ်မထားရဲပါ ။ နောက်ဆုံးအချိန်ထိတော့အစ်ကို့မှတ်ဥာဏ်ထဲသူဟာ အစ်ကိုချစ်တဲ့သူ အစ်ကို့အပေါ်ချစ်ပြီးတာ၀န်ကျေတဲ့ယောက်ျားအဖြစ်မှတ်မိသွားစေချင်တဲ့ အတ္တလေးတော့အနည်းငယ်ပါမည်ထင် ။

အစ်ကိုဟာအဆိုးလေးရယ်ပါ ၊ ဒီလူကစိတ်မချလို့လွှတ်မထားရဲတာတောင် ပင်လယ်ကိုသွားချင်တယ်တဲ့လေ ။ ဘာလို့လဲမေးလိုက်တော့ ပြန်ဖြေတဲ့အကြောင်းပြချက်ကိုပြောကြောင့် သူ့ရင်မှာအောင့်သက်သက်

"ကောင်လေးနဲ့ honeymoon မထွက်ရသေးဘူးမလား ။ ဒီခရီးကိုပထမဆုံးနဲ့နောက်ဆုံးအနေအဖြစ်မှတ်ဥာဏ်ထဲသိမ်းထားချင်တယ်"

အစ်ကိုဟာလေလူကိုနောင်တရအောင်သိပ်လုပ်တာပဲ ။ ဒါပေမယ့်လည်းအပြစ်မမြင်ပါဘူး အပြစ်မမြင်ရက်တာဆိုပိုမှန်မယ်ထင်တယ် ။ သူလည်းဆိုးခဲ့တာအများကြီးမလား ။ အစ်ကိုကသူ့ကိုသူထင်ထားတာထက်အများကြီးပိုချစ်တယ်ဆိုတာ နောက်ပိုင်းအပြုအမူတွေအစပိုပိုသိလာတယ် ။ တစ်ခါတစ်ခါသတိကောင်းရင် ကိုကိုလို့ခေါ်ခိုင်းပေမယ့် သူဟာခေါင်းမာမာနဲ့အစ်ကိုလို့ပဲခေါ်ဆဲ ။

"အစ်ကိုတကယ်သွားမှာလား"

"တကယ်သွားမှာ"

"အစ်ကို့အခြေအနေက"

"ကိုယ့်အကြောင်းကိုယ်သိပါတယ် နောက်ဆုံးဆန္ဒအနေနဲ့ကောင်လေးကမဖြည့်ဆည်းပေးချင်ဘူးလား"

"အစ်ကိုကဗျာ...ကျွန်တော်နဲ့အကြာကြီးနေရဦးမှာကို"

"ကောင်လေးကအဲ့လိုလုပ်နေရင် အစ်ကိုကဘယ်လိုလုပ်စိတ်ချလက်ချထားခဲ့နိုင်ပါ့မလဲ"

"ထားသွားမယ့်အကြောင်းမပြောစမ်းနဲ့အစ်ကိုရာ"

"လက်မခံချင်လည်းလက်ခံရမယ်လေ နောက်ရက်အိမ်ကိုရှေ့နေကြီးလာလိမ့်မယ် ကိစ္စတွေပြီးသွားရင်အစ်ကိုနဲ့အတူပင်လယ်သွားကြတာပေါ့"

LOVER = LO$ER //Complete//Where stories live. Discover now