Chapter-1. 0

1.5K 88 4
                                    

"ကျရှံးခြင်း"

အစိမ်းသက်သက်

နယ်မြေသစ်များစွာ.

ငါမရှာဖွေခဲ့ပါပဲ

ဆုံတွေ့ခြင်းမှာ အလျဉ်းသင့်တော့

ငါ မင်းထံ ယုံကြည်ခစားရ၏။


++++++++++++++++++++++++++++++++

လဆန်းရဲ့အကွေးအညွန့်ဆီမှ ဖျာလင်းလာသော လရောင်ဖျော့ဖျော့အောက်ဖွင့်လှစ်ထားသော ပြတင်းတံခါးတချပ်နဲ့အတူ ဆင်စွယ်ရောင်ခန်းဆီတို့က ဝေ့ဝဲသွားသောလေအသင့်မှာ မြူးထူးလျက်။

ထိုတွင်သာမက ကျူးကျော်လာသော လရောင်က လပြည့်ညမဟုတ်သော်လည်း သူထိုင်နေသော အောက်ခံဆင်လေးကောင်ရုပ်ထု ကျွန်းစားပွဲအရောင်ကိုပင် တောက်ပြောင်နေစေသည်။

ကျွန်းစားပွဲပေါ်ကို လက်ညှိုးထိပ်လက်သည်းဖြင့် တစ်တောက်တောက်ခေါက်နေသံက နှေးတချက် မြန်တခါ။နောက်မှီကျွန်းကုလားထိုင်‌တွင်
ဒူးတဖက်ပေါ်သို့ နောက်ခြေတဖက်ကို တင်ချိတ်၍ ငြိမ်စက်စွာ ထိုင်နေသည်။ကုလားထိုင်လက်တမ်းပေါ်မှထောက်တင်ထားသောညာလက်က မထူမပါး နှုတ်ခမ်းတစ်စုံနေရာတွင် အဆုံးသတ်စေသည်။

သက်ပြင်းတချက်ကိုပြင်းပြင်းရှုထုပ်လိုက်ပြီး ထိုင်နေရာမှာထ၍ ပြတင်းတံခါးဆီသို့လျှောက်မိတော့ အခန်းကျယ်အတွင်း ဖိနပ်အောက်မှ မာကျောလှသော အောက်ခံပြားများကြောင့် ခြေတခါချတိုင်းကြားနိုင်သောအသံပင်။

သူ လပြည့်ကိုစောင့်နေခဲ့တာ ရက်တွေက ကြာလွန်းနေပြီ။ပြတင်းတံခါးထံသို့ကျဆင်းနေသော လရောင်က သူ့ထံသို့ခစားရသည်။

"မင်းရော ဘာတွေများ လုပ်နေမလဲ?"

တိမ်ဖုံးသွားတဲ့လခြမ်းလေးက အလင်းမပျံ့နိုင်သည့်တိုင် မဟူရာညက မှောင်မိုက်ကြီးစွာ စိုးမိုးရှာပြန်သည်။

"မင်းသား အိပ်စက်ဖို့အချိန်ကျော်လွန်ပြီ ထင်ပါတယ်"

My Heart In Parallel UniverseWhere stories live. Discover now