ကမ်းမလော့နန်းတော်....
လက်ညှိုးနှင့် လက်မကိုကွေးကာ ပါးစပ်အတွင်းသို့ထည့်၍ အသံတခုပြုလုပ်လိုက်သည်။ထိုအသံကိုကြားသည့် ဘန်ဂျမင်၏ အချစ်တော် မြင်းအဖြူရောင်တစ်ကောင်က အားသွန်ခွန်စိုက် ခုန်ပေါက်လျက် သခင်ရှိရာသို့ရောက်ရှိလာသည်။
ဘန်ဂျမင် သူ့ထံသို့ဦးညွှတ်ရောက်ရှိလာသော Luaကို ပွတ်သပ်ပြီး ကျောပေါ်သို့ခုန်တက်လိုက်သည်။
'' အိမ်ကိုပြန်ကြစို့''
နန်းတော်အတွင်းဝင်ရောက်လာသော ဘန်ဂျမင် ကိုမြင်သည့်သူတိုင်း ဦးညွှတ်နှုတ်ဆက်ကြရသည်။
တဖက်တွင်လည်း မင်းသားဘန်ဂျမင် ပြန်ရောက်သော သတင်းကို ကြား၍ အခဲမကြေရှိနေသည့် လူဝီက သူ၏ လူများကိုဝုန်းဒိုင်းကျဲဆူငေါက်နေလျက်။
မြင်းပေါ်ကဆင်းလာသော ဘန်ဂျမင် ကို ပွေ့ဖက်ကြိုဆိုလာသော ဘုရင်မ အန်နာ။
"ဘယ်တွေသွားနေတာလဲ မယ်တော့်ကို စိတ်ပူအောင် "
"တောင်းပန်ပါတယ် စိတ်ပူအောင်လုပ်ခဲ့မိလို့"
နန်းဆောင်ထဲဝင်သည့်စင်္ကြံလမ်းကို ဖြေးညင်းစွာလျှောက်လှမ်းနေကြရင်း
"သားတော် အခုအတောအတွင်း ဘယ်ကိုမှ ခရီးမနှင်ပါနဲ့ ညီလာခံ ပြီးတာနဲ့ သားတော်ကို ဘုရင်အဖြစ်တင်မြှောက်မယ် ကြားထဲမှာ တဖက်ဂေါ်ဒန်နိုင်ငံက နှစ်နိူင်ငံချစ်ကြည်ရေးအတွက်
ဂေါ်ဒန်မင်းသမီး ရီယာ နဲ့သားတော်ကို လက်ဆက်ပေးဖို့စီစဉ်ထားတယ်"
ဘန်ဂျမင် ခြေလှမ်းတို့ရပ်တန့်သွားသည်။
"ကျတော့်ရဲ့ ကြင်ယာတော်အတွက် ကိုယ်တိုင်ရွေးချယ်လို့ရမလား?"
"သားတော်စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်
မယ်တော်က သားတော်အတွက် ပထမဆုံးအနေနဲ့လမ်းကြောင်းပေးရုံပါမယ်တော့်ဆန္ဒက နိုင်ငံရဲ့အရိုက်အရာဆက်ခံနိုင်မယ့် နိုင်ငံ့ရတနာလေးမွေးဖွားပေးဖို့ပဲ
သားတော်ရဲ့ရွေးချယ်မှုကို မယ်တော်ကယုံကြည်ပြီးသားပါ"
ဘန်ဂျမင်၏စိတ်အစဉ်က ပိုမိုလေးလံသွားရသည်။ဒါက အနာဂတ်ဘုရင်တစ်ပါးရဲ့ အခြေခံလုပ်ဆောင်ချက်ဖြစ်ပေမယ့် ဖြစ်တည်မှုခြင်းတူသော ချစ်ခြင်းတရားက ဒီနိုင်ငံရဲ့စည်းမျဉ်းများကိုသူကိုယ်တိုင်ချိုးဖောက်ရာရောက်နေသည်။

YOU ARE READING
My Heart In Parallel Universe
Ficción GeneralMy love is being well live in another world & other people who look like me! ∆Jay×Sunghoon(Benjamin)∆