𝓟𝓪𝓻𝓽 10

503 43 2
                                    

Jisoo:Nae appa သိတာမကြာသေးပါဘူး။

Jae:အဲ့တာဆို chae လေးတို့ စကားဆက်ပြောနေကြနော် uncle လည်း သုံးဆောင်ပါဦး။ကျွန်တော်ဆက်ပြီး ဧည့်ခံလိုက်ဦးမယ်။

Jisoo's appa:ရပါတယ်။ အန်ကယ် တို့ကို အားမနာနဲ့။

Jae:nae သွားခွင့်ပြုပါဦး။

Oppa ထွက်သွားပြီးတော့

Jisoo:Appa ji တို့သွားပြီနော်။

Chae:အန်ကယ် chae တို့ကို သွားခွင့်ပြုပါဦး။

Jisoo's appa:အေးပါကွယ် ဂရုစိုက်ကြဦးနော်။

Ji and Chae:Nae....

......

Jen အိမ်ကို ပြန်လာပြီး ပွဲသွားဖို့ စောပြင်ပြီး ထွက်လာခဲ့ပေမဲ့လည်း လမ်းမှာ မထင်မှတ်ပဲ ဘီးပေါက်သွားတာမလို့ ပွဲအချိန်ထက်နောက်ကျနေသည်။

Jen ပွဲကိုရောက်တော့ အထဲကို ဝင်လာခဲ့လိုက်သည်။ ပွဲထဲမှာလည်း လူအများစုက စီးပွားရေးလုပ်ငန်းရှင်တွေသာ။

Jen ရှာနေမိသည် တစ်ယောက်သောသူကို သို့ပေမဲ့ '' Park Jae Young'' နဲ့ " Min Young '' တို့ အတူတူ ဧည့်ခံနေတာကို အရင်တွေ့လိုက်ရသည်။ ထို့ကြောင့်မလို့ ရှာနေသောသူကို အရင်မတွေ့ပေမဲ့လည်း Jen စိတ်ထဲ အနည်းငယ်တင်ကျန်နေသော စိုးရိမ်မှု့တို့ လျော့ကျသွားသည်မို့ Jen ပြုံးလိုက်မိသည်။ကိုယ့်ရဲ့အဆိုးလေးက ကိုယ့်ကို ကြပ်လိုက်တယ်ဆိုတာလည်း သေချာသွားသည်လေ။ 😆

Jen ထပ်ရှာနေမိသည်။ ဟော တွေ့ပါပြီ။သို့ပေမဲ့ ကိုယ့်အဆိုးလေးက မိန်းခလေးတစ်ယောက်နဲ့ ပြုံးပျော်ပြီး စကားပြောနေတာမလို့ Jen စိတ်တို့ အနည်းမကြည်ဖြစ်သွားသည်။ ထိုမိန်းကလေးကိုလည်း အမြင်မကြည်ဖြစ်လာသည်။ဘာလို့ဆို ထိုမိန်းမလေးကလည်း ယောင်းနှင့် အတူပြုံးပျော်နေနေသည်​လေ။ ပြီးတော့ ထိုမိန်းခလေးက အရမ်းနဲ့လှသည်။ ထို့ကြောင့်မလို့ ယောင်းရှိ့ရာသို့ jen ဦးတည်း လျှောက်ဖို့ပြင်လိုက်ပေမဲ့ ကိုယ့်ဆီလာရာအသံကြောင့်.....

Jae:'' Kim Jennie shii'' ရောက်လာပြီလား?

.
.
.
Chae:လာ unnie chae တို့ တခြားဝိုင်းသွားကြရအောင်။

Jisoo:သွားကြတာပေါ့။
....

Chae:Unnie ဒီနေ့ အရမ်းလှတယ်။

𝑰 𝒉𝒂𝒕𝒆 𝒀𝒐𝒖 💔 𝒃𝒖𝒕 𝑰 𝑳𝒐𝒗𝒆 𝒀𝒐𝒖 𝑱𝒆𝒏 💗Donde viven las historias. Descúbrelo ahora