Why?
P-1"သဘောမတူဖူး.!! လုံးဝကိုသဘောမတူနိုင်ဖူး..
အိမ်ကြီးထဲတွင်ဒေါသတစ်ကြီးနဲ့ အော်ပြောနေသူ
တစ်လုံးလုံးတိတ်ဆိတ်ပြီး အပ်ကျသံတောင်မကြားရတဲ့
အခိုက်တန့်.....
ထိုအချိန်မျိုးမှာ ထိုလူရဲ့အသံသာလျှင်
ကျယ်လောင်ပြီး တစ်အိမ်လုံး အတွင်းတွင်
ပျံနှံ့နေတော့သည်"အဖေ....
"မင်းဘာဖြစ်နေတာလည်း..ဂျွန်ဂျောင်ကု
ငါ့စကားကိုမင်းအလေးမထားတော့ဖူးလား..ဟမ်
ဒီဘာမဟုတ်တဲ့ အကောင်တစ်ယောက်အတွက်နဲ့
မင်းဘဝကို ချိတ်ပိတ်လိုက်တော့မို့လား..ကျတော့်လက်ထဲတွင်ဆုတ်ကိုင်ထားသော
လက်လေးဟာ တင်းခနဲ သူဒေါသထွက်သွားလောက်ပြီ
မျက်နှာလေးကို တစ်ချက်လှည့်ကြည့်လိုက်တော့
ဒေါသထွက်လွန်းလို့ နီမြန်းနေပြီ
အံကိုကြိတ်ထားရင်း မေးရိုးတွေကထင်းလာလေပြီ"ဘာမှမဟုတ် အစီစဉ်တင်ဆက်သူယောင်ယောင်
သတင်းသမားယောင်ယောင်နဲ့ ဟိုအစီစဉ်ပြေးလိုက်
ဒီအစီစဉ်ပြေးလိုက် သူများကပြောချင်မှန်းမသိ
မပြောချင်မှန်းမသိနဲ့ ဒါကိုနားမလည်ဖူး
သူတို့သတင်းရဖို့အရေး အဆင်းလိုက်ကပ်နေတဲ့အကောင်
အဲ့လိုကောင်မျိုးနဲ့ ငါကမင်းကိုသဘောတူရမှာလား"တော်ပါတော့..ရှင်.
ကလေးတွေကိုအဲ့လောက်ထိမပြောပါနဲ့.."နေစမ်းပါကွာ..
အံကြိတ်တင်းခံနေတဲ့ သူဟာ ဆက်ပြီး
သည်းမခံနိုင်တော့...
ဘဝမှာ သူများပြောတာကိုတစ်စက်လေးမှမခံချင်
သူများကိုယ့်ကို ကျောသွားတာကိုမလိုလား
ိုကိုယ့် အားကိုယ်ကိုးပြီး ဘယ်သူ့အပြောမှမခံရအောင်
နေသောသူ..
ထိုလူကိုမှ ရစရာမရှိအောင်ပြောနေတဲ့သူက
ထိုလူရဲ့ဒေါသနဲ့ အရွက်တိုက်မှုကိုမသိတာလား..ဂျွန်ဂျောင်ကု ဆုတ်ကိုင်ထားသော လက်လေးဟာ
အတင်းရုန်းထွက်သွားပြီး ထိုလူဟာမတ်တပ်ထရပ်လိုက်တော့သည်"ဒီမှာ အန်ကယ်..
ကျတော့်အလုပ်ကိုမစော်ကားပါနဲ့..
သမာအာဇီဝကျတဲ့ ဘယ်အလုပ်မဆိုဂုဏ်ရှိပါတယ်
အန်ကယ်တို့လို ကြီးကြီးတပ်ချမ်းသာနေမှ
လူရာဝင်တာမဟုတ်ဖူး..
ကိုယ့်နေရာနဲ့ကိုယ့်အဆင့်တန်းနဲ့ကိုယ်
ဘောင်ဝင်ပြီးသား ဘာလဲ
အန်ကယ် က ကျတော့်ကိုမချမ်းသာလို့
အန်ကယ့်သားနဲ့သဘောမတူတာလား...
YOU ARE READING
Why? (ခဏ ရပ်နား)
Fantasiaအိမ်ထောင်ရေး ဖောက်ပြန်မှုကိုရေးမဲ့ ဇာတ်လမ်းလေးပါ ကြမ်းတမ်းတဲ့ စကားအသုံးနှုန်းတွေပါလောက်မှာမို့ ကြိုပြီးတောင်းပန်ပါတယ် မဖတ်ချင်ရင်နေပါ မဝေဖန်ပါနဲ့ ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးမှာမို့ အမှားတစ်စုံတစ်ရာ ရှိခဲ့သော် ခွင့်လွတ်ပေးပါရန် ကြိုပြီးအသိပေးပါသည်🖤 ...