တစ်ခါတလေတော့လည်း ကျနော်က တရုတ်နိုင်ငံမှာေမွးတဲ့ တရုတ်လူမျိုးဖြစ်ချင်ပြန်တယ်။
ကံကောင်းခဲ့ရင် အိမ်နီးချင်းတွေရဲ့တံခါးကို ခေါက်ပြီး ပြေးတတ်တဲ့ ကျန့်ပိစိလေးကို တွေ့ရင်တွေ့နိုင်တယ်မလား။
အစ်ကိုပြောတဲ့စကားတွေကို တစ်ဆင့်ခံဘာသာစကားတွေမလိုဘဲ တိုက်ရိုက်နားလည်နိုင်မယ်မဟုတ်လား။
ခြေတံရှည်ကြီးနဲ့လှမ်းတဲ့ ခြေလှမ်းတွေနောက် လိုက်ပြီး 肖战我爱你 လို့အော်ပြောခွင့်ရနိုင်တယ်လေ။
战 ဆိုတဲ့ bannerလေးကိုင်ပြီး အစ်ကို့ရဲ့ အနီရောင်ပင်လယ်ကြီးထဲ ဆေးခြယ်ခွင့်ရချင်တယ်။
အစ်ကို့ကိုအားပေးဖို့ အစ်ကို့ကိုကာကွယ်ဖို့ အစ်ကိုနဲ့အတူရှိနေပေးဖို့ အစ်ကို့ကိုချစ်ပေးဖို့ ကျနော် ဒီမှာရှိနေပါတယ်လို့ ပြောပြခွင့်ရမယ်။
ဒါဆိုရင်ပဲ ကျနော်က ကျေနပ်ပါပြီ။။။။
🌻792021🌻