ကျနော် ကြောင်မလေးဖြစ်ချင်တယ်
အစ်ကိုများ ပွေ့ဖက်ပေးမလားလို့။
ကျနော် နေကြာပန်းလေးဖြစ်ချင်တယ်
အစ်ကို့ ကိုပဲ မော်ကြည့်ချင်လို့။ကျနော် ပါဝါရိန်းဂျားလေး ဖြစ်ချင်တယ်
အစ်ကို့ ကို ကာကွယ်ပေးမလို့။ကျနော် မှဲ့နက်ကလေး ဖြစ်ချင်တယ်
အစ်ကို့ နှုတ်ခမ်းဖျားအောက် ကပ်တွယ်
ချင်လို့။ကျနော်အနီရောင်လေးလည်းဖြစ်ချင်တယ်
အစ်ကို အကြိုက်ဆုံးပဲ မို့လို့။ကျနော် သံစဉ်လေး ဖြစ်ချင်သေးတယ်
အစ်ကို စိတ်ပြေလက်ပျောက် ဆိုညည်းရာ
မို့။အစ်ကိုကြိုက်တယ်ဆိုလို့ ကျနော်က ပေါင်မုန့်လေးပါ ထပ်ဖြစ်ချင်သေးတာ။
Green teaလေးလည်းလုပ်မယ်
အစ်ကိုအမြဲသောက်တယ်။ပင်လယ်ကြီးဖြစ်ချင်တယ်
အစ်ကိုသဘောကျတယ်။နှင်းပွင့်လေးလည်းဖြစ်ပေးမယ်
အစ်ကို ချစ်တယ်။ခွေးကလေးလည်း လုပ်ဦးမယ်
အစ်ကိုမွေးချင်တယ်ပြောဖူးတယ်။လူလိမ္မာလေးလုပ်မယ် အစ်ကိုချစ်တယ်။
အမြဲကြိုးစားမယ်
စိတ်ထားကောင်းကောင်းထားမယ်
နွေးနွေးထွေးထွေးဆက်ဆံမယ်
အမြဲပြုံးမယ်
အမုန်းတွေကို ဥပေက္ခာပြုမယ်
အချစ်တွေကို ထွေးပွေ့မယ်
ကောင်းမွန်တဲ့အလုပ်တွေလုပ်မယ်
စေတနာများများထားမယ်
အားနည်းတဲ့သူတွေကို ကူညီမယ်
အစ်ကို့လိုမျိုး။
အစ်ကိုလုပ်သလို အစ်ကိုပြုမူသလို
အားလုံး အစ်ကို့အတိုင်းလိုက်လုပ်မယ်။
အစ်ကို့ကြောင့် ကျနော် ဂုဏ်ယူရသလို ကျနော့်ကြောင့်လည်း အစ်ကို့ကို ဂုဏ်ယူစေချင်တယ်။
🌻1392021🌻