Wang Yibo pov:
(ဒါဟာဝမ်ရိပေါ်ရဲ့ pov ဖြစ်တာမို့ သူ ဆိုတဲ့ နာမ်စားကို ရိပေါ်အတွက် သုံးပါမယ်နော်)
သူအနည်းငယ် အံအားသင့်မိသွားတယ်။ဘာလို့ဆို သူ့ကိုအမြဲ ချစ်စရာအပြုံးလေးတွေ နဲ့ အတူနွေးထွေးစွာဖက်ပြီး စောင့်ကြိုနေမယ့်သူဟာ ခါတိုင်းနေ့တွေလို တံခါးဝမှာ စောင့်ကြိုနေခြင်းမရှိလို့ပါပဲ။ သူဖိနပ်ချွတ်ပြီးတာနဲ့ ဧည့်ခန်းထဲကို ဝင်လာခိုက်မှာ ဆိုဖာပေါ် ခေါင်းလေးငုံ့ပြီးထိုင်နေတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။ ပြီးတော့ ရှောင်းကျန့်လက်ထဲမှာလည်း ဘာမှန်းမသိတဲ့ အရာတစ်ခုကို ကိုင်ထားသေးတယ်။ သူ့ကိုမြင်တာနဲ့ ရှောင်းကျန့်ဟာ စိတ်လှုပ်ရှားပြီး မျက်နှာလေးနီလာတယ်။
"အချစ် ဘာဖြစ်လို့လဲဟင်”
သူရှောင်းကျန့်ဘေးမှာထိုင်လိုက်ရင်း ရှောင်းကျန့်အခုလိုထူးဆန်းနေရတဲ့ အကြောင်းကို အဖြေရှာနေမိတယ်။"အဲ့ဒီ့နေ့က”
ရှောင်းကျန့်ကစကားစကိုရပ်ပြီးတော့ နှုတ်ခမ်းလေးဆူလာတယ်။ပြီးတာနဲ့ သူ့ကို ဒေါသတကြီးကြည့်လာပြီး
"ငါမင်းကို မုန်းတယ်”"ဘာဖြစ်လို့လဲ”
"အမြဲတမ်းhornyနေလို့”
ဘုရားရေ ရှောင်းကျန့်ရဲ့စကားကြောင့် သူမထိန်းနိုင်ဘဲ ရယ်မိလိုက်တယ်။ ဘာလို့ဆို ရှောင်းကျန့်စကားပြောနေပုံလေးကအရမ်းကို မြတ်နိုးဖွယ်ကောင်းနေလို့ပါပဲ။သူဟာ ရှောင်းကျန့်ရဲ့ မျက်နှာလေးကို လက်နှစ်ဖက်နဲ့ အသာအယာပင့်မလိုက်ပြီး နီရဲနေတဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ ကျန့်ရဲ့ နှုတ်ခမ်းလေးဟာ အချိန်အတန်ကြာ အလျက်ခံလိုက်ရတာကြောင့် စိုစွတ်နေတယ်။"အဲ့ဒါက ကောင်းတာမဟုတ်ဘူးလား။ လူတိုင်းက ကျွန်တော့်လို ခင်ပွန်းမျိုးကိုရဖို့ စိတ်ကူးယဥ်ကြတာလေ”
"မင်းအကာအကွယ်မသုံးဘဲ ငါနဲ့နှီးနှောခဲ့တဲ့ အဲ့နေ့”
YOU ARE READING
💝Gift Of Love💝(Translation)
FanficAuthor @yizhan-loveရဲ့ Gift Of Love (M-Preg One Shot)ကို အာသာရဲ့ permissionနဲ့ transထားတာဖြစ်ပါတယ်။ ဒါလေးက ပထမဆုံးTransတာဖြစ်တဲ့အတွက် အဆင်မပြေမှုရှိခဲ့ရင် မြတ်ဆုတောင်းပန်ပါတယ်ရှင့်။