Mu Mu က လှေကားနားရောက်ခါနီးတွင် ထူးဆန်းသော ယိုးဒယားကြောင်လေးတစ်ကောင်သည် တံခါးနားချုံပုတ်ထဲကနေ ခုန်ထွက်လာလေသည်။ Mu Mu ဆီကနေ ထွက်ပြေးတာ၊ သို့တည်းမဟုတ် Mu Mu ဆီ ချဉ်းကပ်လာတာမျိုးအစား မြေပြင်ပေါ်သာ စောင့်ကြောင့်ထိုင်ချလျက် သူ့ခြေဖဝါးလေးများကိုသာ စိတ်လိုလက်ရ လျက်နေလေသည်။
Ling Mao Er က MuMu ဆီ ချဉ်းကပ်သွားသင့်လားဆိုတာ မဆုံးဖြတ်နိုင်ပေ။ Mu Mu က ကြောင်တွေကိုမုန်းတာမျိုး၊ ဒါမှမဟုတ် ကြောက်တာမျိုးဆို သူဘယ်လိုလုပ်ရပါ့။ သူ့ကိုယ်သူ Mu Mu ဆီ သွားပို့လိုက်ရင် မျက်နှာပျက်ရမှာ?
ဆိုတော့ သူရိုးရိုးလေးပဲ လေလွင့်ကြောင်လေးလိုမျိုး နေရာမှာတင်ထိုင်ချလိုက်ပြီး Mu Mu လာအခေါ်ကိုပဲ စောင့်လိုက်တာပေါ့။
Mu Mu က အစတော့အံ့ဩသွားပြီး ပတ်ဝန်းကျင်ကိုရှာကြည့်ပေမယ့်လဲ၊ သူ တခြားသူကိုလဲမတွေ့တာကြောင့် ယိုးယားကြောင်လေးနားကပ်သွားပြီး သူ့ခေါင်းလေးကို အသာလေးပုတ်ပေးလိုက်တယ်။
ယိုးဒယားကြောင်လေးက မကြောက်မရွံ့မော့ကြည့်လာပြီး ပျော်ရွှင်မှုကြောင့် မျက်လုံးလေးတောင် မှေးနေလိုက်သေးတယ်။
" မင်း လေလွင့်ကောင်လေးမဟုတ်ဘူး မလား? မင်းပိုင်ရှင်က ဘယ်မှာတုံး? ခိုးထွက်လာတာမလား? "
Mu Mu က မေးခွန်းသုံးခုကို တဆက်ထဲ ဆက်တိုက်မေးလာသည်။
Ling Mao Er က Mu Muရဲ့အထိအတွေ့မှာ ပျော်ရွှင်နေပေမယ့်လဲ တိတ်တိတ်လေးတော့ သရော်လိုက်သေးတယ်။ ဟမ့် ဒီလိုတန်ဖိုးကြီးတဲ့လေလွင့်ကြောင်မျိုး မင်းမြင်ဖူးလို့လား?'
Mu Mu တွေ့ရသလောက်တော့ ကြောင်လေးက လူတွေနဲ့ရင်းနှီးနေပြီး အရင်ကလဲ တစ်ယောက်ယောက်က စောင့်ရှောက်ပေးထားတာ သိသာတဲ့လက္ခဏာတွေရှိတယ်။ သူ့ကိုယ်ကလဲ သန့်ရှင်းနေတယ်၊ ဆိုတော့ သိပ်မကြာသေးခင်က လွတ်ထွက်လာတာဖြစ်ရမယ်။
သူ့ကို စေ့စေ့စပ်စပ်စစ်ဆေးကြည့်ဖို့ရာ ကြောင်လေးကို သူ ချိုင်းအောက်ကနေ မ လိုက်တယ်။
Ling Mao Er တော်တော်လေးမပျော်တော့ဘူး။ သူ့ကို ဟူးမန်းကောင်တွေက အဲ့လိုချီတာကိုမုန်းတယ်။ သူ့ရင်ဘက်က အဆင်မပြေတော့ဘူး၊ သူ့ဗိုက်လဲ သက်တောင့်သက်သာမရှိဘူး၊ ပြီးတော့ အချီခံထားရတဲ့နေရာကလဲ နာတယ်။
YOU ARE READING
ချစ်ခြင်း၏ရနံ့ကို သယ်ဆောင်လာသော
RomanceThe Aphrodisiac-Carrying Man ( Myanmar Trans) all credit goes to ---- https://www.novelupdates.com/series/the-aphrodisiac-carrying-man/?pg=2 https://www.wattpad.com/story/216953626-the-aphrodisiac-carrying-man-completed Ling Mao Er met a man, his sc...