Ep 1 🌸

520 75 10
                                    


အိမ်နဲ့မနီးမဝေးနဲ့ရှုခင်းလှတဲ့‌coffee
ဆိုင်တစ်ဆိုင်မှာ၃ရက်စာကူပွန်လေး
ရလို့ coffeeသောက်ရင်းလာထိုင်တာ
ဒီနေ့နဲ့ဆိုနှစ်ရက်မြောက်ရှိပြီဆိုင်ရဲ့
Viewလေးကသိပ်လှတော့အလကားရတဲ့ coffee ကိုစိမ်ပြေတစ်ပြေသောက်ရင်း ပန်းချီထိုင်ဆွဲဖြစ်တယ်လေ

Roséဘဝမှာပန်းချီ လောက်ဘယ်အရာကိုထူး"ခြား"နှစ်သက်ဖူးတာမျိုးမရှိခဲ့သလို ပန်းချီ လောက်လဲဘယ်အရာကိုမှစိတ်မဝင်စား စိတ်ခံစားလွယ်ပေမယ့်
ဘယ်သူရှေ့မှာမှထုတ်ဖော်မပြတက်
ဘူး တစ်ယောက်ထဲသာကြိတ်ခံစားလေ့ရှိတာ

မိဘအသိုင်းအဝိုင်းတွေက
လဲပိုက်ဆံထားစရာနေရာမရှိလောက်အောင်ချမ်းသာသေးသည် သူဒါတွေမသိဘူး မိဘကသေဆိုသေရှင်ဆိုရှင်ပုံ
စံမျိုးနဲ့ အသက် ၁၇နှစ်အရွယ်ထိနေလာခဲ့တာ မကြာခင် ၁၈နှစ်ပြည့်မွေး
နေ့ရောက်တော့မယ် အခြားသူတွေ
ပြောတာသူကြားဖူးတယ် ၁၈နှစ်ပြည့်
ရင်လုပ်ချင်တာလုပ်လို့ရပြီတဲ့ haha

အသက်မပါတဲ့အပြုံးတစ်ချက်ကို
ပြုံးလိုက်မိတယ် သူကတော့၁၈နှစ်ပြည့်ရင် ဒီထက်ပိုပြီးစည်းကမ်းတွေတင်းကျပ်လာမှာကိုမြင်ယောင်နေ‌ေသးတယ်တစ်ခါတစ်လေအဖေကိုလဲသိပ်ကိုသတိရပါတယ်သမီးကိုဘာ
လို့များအစောကြီးထားခဲ့သလဲဆိုတဲ့သတိရခြင်းမျိုးနဲ့‌ေပါ့အခုတော့ ငွေမက်တဲ့ ပထွေးနဲ့နေနေရတယ် အမေ့ကိုလဲသိပ်ပြီးအပစ်တင်ချင်ပါတယ်ဘယ်လို ယောကျာ်းမျိုးကိုများရွေးပြီးယူထားသလဲလို့

ဒါပေမယ့်မပြောဖြစ်ခဲ့ပါ အရာအား
လုံးကဖြစ်နေဆဲဖြစ်နေမြဲဘဲလေလုပ်ယူလို့မှမရတာ~

"အိုး.....၄နာရီတောင်ထိုးပြီးအတွေးတွေတော်တော်လွန်သွားတာဘဲ"

ကော်ဖီကကူပွန်နဲ့အလကားရထားတာ
ဆိုတော့ ဆိုင်ကနေဒီအတိုင်းဘဲထပြန်
လာပြီး ခြေဦးတည့်ရာ ကိုလျှောက်သွားနေမိတာ အိမ်မဟုတ်ရင်ပြီးရော
ဆိုပြီးတော့လေ ဒါဟာပိတ်ရက်တိုင်း
Roséလုပ်နေကြအလုပ် အိမ်ကို ည၇နာရီလောက်မှပြန်ဖြစ်တယ် အိမ်ကိုလဲ သူငယ်ချင်းအိမ်စာသွားလုပ်မယ်ဘဲပြောခဲ့တာ စာတော့လုပ်ချင်ပါရဲ့ သူငယ်ချင်းကမယ်မယ်ရရမရှိတော့
ခြေဦးတည့်ရာပေါ့..

Painting BrushWhere stories live. Discover now