အခန်း(၅)

10 5 0
                                    

" မင်းရဲ့ ပန်းစည်းခြောက်ကြီးကိုပဲ တစ်နေကုန်ထိုင်ကြည့်နေတော့မှာလား.... ငါ့အလုပ်ကိုရော ဝိုင်းကူပေးဖို့ သတိရသေးရဲ့လား..."

သူ့ဖေဖေခေါက်ဆွဲဆိုင်အတွက် စျေးဝယ်ကူလိုက် သူ့coffeeဆိုင်အတွက် ပြင်ဆင်လိုက်နဲ့ တစ်မနက်ခင်းလုံး အလုပ်များနေသော ဂျက်
ပုံမှန်ရက်တွေထက် သောကြာနေ့တွေရောက်တိုင်းcoffeeဆိုင်က လူပိုစည်တတ်သည်။
လူစည်ပါတယ်ဆိုတဲ့နေ့မှ တိုက်ဆိုင်လွန်းစွာ ဝန်ထမ်းတစ်ယောက်က နေမကောင်းတာကို အကြောင်းပြပြီး ခွင့်ယူထားတော့ သူ့ရဲ့ဒေါသမျက်စောင်းက ကျွန်တော့်ဘက်သို့ ဦးလှည့်လာလေပြီ။
ဒေါသအိုးလေး ပေါက်ကွဲထွက်မလာခင် အချိုကျွေးပြီး မီးငြိမ်းမှဖြစ်မယ်။

" ဟုတ်ပါပြီကွာ...လာပြီလာပြီ...ကဲပြော...ကြက်ဥခေါက်ကူရမလား...ဂျုံပဲကူနယ်ပေးရမလား။  အဲ့လိုဒေါကြီးမောကြီးနဲ့လုပ်နေတော့ မင်းရဲ့မုန့်တွေ ဘယ်လိုလုပ်အရသာရှိတော့မလဲ...မဟုတ်ဘူးလား.."

" အဲ့တာ ဟိုကောင်ရာဇာကြောင့်... ကြိုသတိပေးထားရက်နဲ့ သောကြာနေ့ကိုမှ ရွေးပြီးနေမကောင်းဖြစ်ရတာ။ လာပါစေဦး..လစာလျော့ပစ်ဦးမယ်..."

ရာဇာဆိုတာကတော့ ခွင့်ယူထားတဲ့တစ်ယောက်
ဂျက်နဲ့လည်းဆွေမျိုးမကင်းပေ..သူ့ရဲ့ညာလက်ရုံးလို့လည်းပြောလို့ရတယ်။
ရာဇာရဲ့ ထူးထူးဆန်းဆန်း ကိတ်ဒီဇိုင်းတွေက ဂျက်ရဲ့
တမူထူးခြားတဲ့ ကိတ်အရသာတွေကို ပိုပြီးတော့ပုံပေါ်စေတယ်။
တစ်ပတ်တစ်ပတ် ကိတ်ပုံစံတွေက ထပ်မသွား။
အပြောလည်းချိုသလို အပေါင်းအသင်းလည်းမနည်းပေ။
ရုပ်ရည် အသင့်အတင့်ရှိတာကြောင့် ဖောက်သည်ချောချောလေးတွေက တိုးမြဲ။
ဒါတင်မဟုတ်သေး သူ့ရဲ့ coffeeလက်ရာကလည်း
ဆိုင်ကို နာမည်ပိုပေါက်စေတယ်။
ဝါသနာတူတွေ စုနေတော့ ဆိုင်အတွက် အထူးတလည် ​promotion ဆင်းနေစရာမလို။

" မင်းလည်း ဘာမဟုတ်တဲ့ပန်းစည်းလေးကို မထိရက် မကိုင်ရက် အဖြစ်သည်းနေ..ဟိုက မှတ်မိတာတောင်မဟုတ်ဘူး... "

ဂျက်တစ်ယောက် ရာဇာ့ကိုပဲ မကျေနပ်တာလား ပန်းစည်းကိုပဲ အမြင်ကပ်နေလား မပြောတတ်။

ငယ်ချစ်ဦးWhere stories live. Discover now