One side 💕

3.6K 166 20
                                    

တစ်ကယ်တော့ဘယ်ကနေစပြောရမှန်းမသိအောင် ကျွန်မဘ၀ကမရိုရှင်းဘူး

အတိုချုပ်ပြောရရင် ဘ၀ကအလယ်တန်းဒုတိယနှစ်ကစတင်တယ်

Friend Zone လို့ပြောရတဲ့ထဲမှာပဲ
ကျွန်မတို့အချစ်ကစတင်တယ်
Just Friend ဆိုတဲ့အဆင်တောင်
မရောက်ခင်မှာကျွန်မအသဲကွဲသွားတယ်

ကျွန်မရဲ့နှလုံးသားလေး    Jen
သစ်ခက်လေးလိုနုယွလှတဲ့  Jen
ကလေးလိုချစ်ဖို့ကောင်းတဲ့ Jen
လူကြီးတစ်ယောက်လို    
ဆုံးမတတ်တဲ့             Jen

ဘ၀မှာအဖြစ်ချင်ဆုံးဆုတစ်ခုသာတောင်းဆိုခွင့်ရမယ်ဆိုရင်
JEN အမြဲတမ်းပျော်ရွှင်နေပါစေ
လို့ပဲဆုတောင်းပေးဖြစ်မှာ

ကျွန်မတို့အကြောင်းကဒီကစတယ်

ဒီနှစ်တော့ငယ်ငယ်ကတက်ခဲ့ရတဲ့ကျောင်းကနေကျောင်းသစ်ကိုအမေကပြောင်းပေးခဲ့တယ်။အကြောင်းကတော့ဆရာမကပြသနာတက်တာကစတာပဲ။ဆရာမကိုမကောင်းမြင်တာတော့မဟုတ်ပေမဲ့ အဲ့ဆရာမကတစ်ကယ့်ဇီဇာကြောင်တာ။တစ်နေ့တစ်‌နေ့‌စာမသင်ဘဲဆူတာနဲ့တင်အချိန်ကုန်နေတာ
အကြောင်းကတော့ သူဆုံးမနေတဲ့အချိန်အံကိုက်လို့ သူ့ကိုမလေးစားဘူးတဲ့လေ။ တစ်ကယ်က ပါးစပ်ထဲမှာစားစရာညက်နေလို့ထုတ်ပြီးဝါးရင်းကစတာပဲ 🤣 နောက်တော့ မိဘပါ ခေါ်ရရော

တစ်ကယ်စိတ်ပျက်ပြီးကျောင်းပြောင်းရင်းကနေဘ၀ပါပြိုလဲသွားမယ်လို့တစ်ခါမှမတွေးဖူးတာအမှန်ပါ

ဒီကျောင်းကိုတစ်ခါမှမရောက်ဖူးလို့မတက်ချင်ဘူး အရင်ကျောင်းလဲပြန်မသွားချင်တော့ တက်ဖို့ပဲစိတ်ကူးတယ်အရင်နှစ်ကလိုမနေပဲစိတ်သစ်လူသစ်နဲ့ ဒီကျောင်းမှာစာတော်အောင်ကြိုးစားမယ်ဆိုပြီးဆုံးဖြတ်မိတာliရဲ့ စိတ်သဘောထားအစစ်

ကျောင်းစတတ်တဲ့နေ့မို့ ‌ဒီနေ့ဟာဘာမှသင်ဖြစ်မယ်မထင် ဒါပေမဲ့ liရှေ့မှာထိုင်နေတဲ့ကောင်မလေးတစ်ယောက်ကိုတော့သေချာပေါက်နောက်ကျောလေးကိုပဲမြင်ပြီးသဘောစကျသွားလိမ့်မယ်လို့ဘယ်သူကထင်မိမှာလဲ ကျောင်းသူသစ်ဆိုတော့ လူဟောင်းတွေနဲ့မရင်းနှီးပေမဲ့ လူသစ်အချင်းချင်းတော့ အနားနီးရင်စကားတပြောပြောပါပဲထိုကောင်မလေးကတော့သူ့သူငယ်ချင်းတွေနဲ့တရုန်းရုန်းပေါ့

Friend Zone ❣️{Completed}Where stories live. Discover now