One side 💕 3

1.1K 131 5
                                    

SeSu : လီဆာကားပေါ်မှာထိုင်ပြီးဘာလုပ်နေတာလဲဟင်

Lisa : ဟင် ငါ

SeSu : ဟိုမှာ Jennie နှာခေါင်းသွေးလျှံပြန်ပြီ သူ့ညီမလဲမရောက်သေးဘူး နင်သွား အယ်

Lisa Jennie ရဲ့ကားဆီသို့မြန်မြန်ထွက်လာခဲ့တယ်။သူမတစ်ခုခုဖြစ်တိုင်းလီဆာဟာသူ့ဘေးနားအမြဲရှိနေတတ်တဲ့သူအဖြစ်သူ့မှတ်ဉာဏ်ထဲမှာတော့ထာ၀ရရှိစေချင်တယ်

"Jen"

Jennie ကလီဆာကိုမြင်တော့အံ့ဩသွားတယ်။ဒီ့ထက်လီဆာကသူမကိုပိုအံ့ဩရတယ်။တစ်ရှုးတွေမှာသွေးတွေအပြည့်ပဲရယ်

"JENNIE ငါ့ပေါင်ပေါ်ခေါင်းအုန်းလိုက် ငါရေခဲယူလာတယ် လုပ်ပေးမယ်"

Jennie ကတော့ လီဆာ‌ပေါင်ပေါ်ခေါင်းအုန်းပြီး လီဆာလုပ်ပေးသမျှငြိမ်ငြိမ်လေးသာ နေနေသည်။

"ဒီနေ့ဆေးခန်းသွားပြနော်jen  ဆရာ၀န်ကိုသေချာမေး အမြဲအဲ့လိုဖြစ်နေတာအဆင်မပြေဘူးလေ ငါပြောတာကြားလား"

"အင်းကြားတယ်"

"နောက်ပြီး ဒီနေ့နေအရမ်းမပူပါဘူး အရမ်းလဲအေးတာလဲမဟုတ် နေမကောင်းဖြစ်ချင်လို့လား ဘာဖြစ်လို့ရုတ်တရက်ကြီးဖြစ်လာတာလဲ"

"ဟမ် ငါ ငါဘယ်သိမလဲ ဖြစ်ချင်ရင်သူ့ဟာသူဖြစ်လာတာကိုငါဘယ်တတ်နိင်မလဲ ရ ရပြီ နင့်ကားပေါ်သွားတော့"

"အင်းပါ ဟိုမှာ‌နင့်ညီမလဲလာပြီ အိမ်ရောက်ရင်ရေခဲသေချာပြန်အုပ်ထား‌နော် "

"အင်း တာ့တာ "

နင့်ကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့သမျှ နင်ဒဏ်ရာရရင်တောင်ငါ့မှာပြာပြာသလဲ ဖြစ်နေတာတစ်ခုခုဆိုနင့်ကိုအရမ်းစိတ်ပူလို့ငါအရင်ငါ‌သေသွားနိင်မလားဘဲ

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ဆေးခန်းကပြန်လာပြီး ပြတင်းပေါက်နားတွေတွေလေးငေးနေတဲ့ Jennie ကို somi သတိထားမိတယ်

" Unnie Jen "

သူမငေးနေရင်းကနေ somi ကိုလှည့်ကြည့်လာတယ်။မျက်နှာကဖျော့နေလိုက်တာ အားမရှိသလိုပဲ unnie လီဆာသိရင် စိတ်အရမ်းပူနေတော့မယ်ဆိုတာ somi ပဲသိတယ်

Friend Zone ❣️{Completed}Where stories live. Discover now