Final 💕

2.6K 195 23
                                    

◽◽◽◽◽◽◽◽◽◽◽◽

အငြင်းခံလိုက်ရတဲ့ခံစားချက်ကဘာနဲ့တူသလဲသိလား။မာန‌ကိုထက်ပိုင်းချိုးပစ်တာနဲ့တူတူပဲ။ဘာကြောင့်လဲဆိုဒီလောက်နွားကျခံပေးပါ့မယ်ဆိုတာကိုသူကိုယ်တိုင်ကိုကလက်မခံလို့ပဲ

အဲ့လိုတစ်ဖက်သတ်‌တွေးပစ်လိုက်တယ်

နှစ်ကြိမ်မြောက်အငြင်းခံပြီးတဲ့နောက်မှာ နောက်လဲအငြင်းခံရအုန်းမယ်ဆိုတာသိလာတယ်ဒါကြောင့် အဝေးကနေပဲချစ်ပေးဖို့ဆုံးဖြတ်ရတော့တာပေါ့

ချစ်ခဲ့တယ်
ချစ်တယ်
ချစ်နေတယ်
နောင်လဲချစ်မယ်

သူ့ကိုချစ်နေတာကိုနောင်တမရပေမဲ့ပိုင်ဆိုင်ချင်စိတ်တွေဖြစ်လာတိုင်းဆုံးရှုံးရတာကြီးပဲမို့ ဘ၀မှာနေရတာမပျော်တော့ပါ

လိုချင်တာကိုလဲမရခဲ့သလို
မလိုချင်တာကိုလဲမရခဲ့ပါ

နှစ်နှစ်လောက်သူမကိုအချိန်ယူပြီးမေ့ပစ်ဖို့ကြိုးစားရမယ်ဒါမှသူနဲ့ပြန်ပြီးတွေ့တဲ့အခါ အတည်ငြိမ်ဆုံးနှုတ်ဆက်နိင်မှာ

Results ကြေငြာတဲ့နေ့မှာ သိလိုက်ရတာက သူမဂုဏ်ထူးနှစ်ဘာသာပါတယ်‌တဲ့ ပျော်ပါတယ်ဆိုပေမဲ့မပျော်ဘူး သူမကိုဒီထက်ပိုပြီးမှန်းထားခဲ့တာသူမအမေလဲ ထပ်တူပဲနေမှာပါ။လီဆာကတော့ ဘာဂုဏ်ထူးမှ မပါဘူးကပ်ပြုတ်တွေမို့တော်တော်ဒေါသထွက်ရပါတယ်။

သေချာပေါက်နောက်ထပ်စာနှစ်နှစ်လောက်ကြိုးစားပြီးအမေ့နောက်ပဲလိုက်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။နှစ်နှစ်ပဲ နှစ်နှစ်ပြီးရင် မင်းနဲ့ငါနဲ့တစ်ကယ်ဝေးပြီ

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ဘ၀မှာ မလုပ်ချင်ဆုံးအလုပ်က ကိုယ့်ကိုအရမ်းချစ်တဲ့သူကိုအနားကနေ ပထုတ်ရတာက အဆိုးဆုံးပဲ။ ရင်ထဲမဆံ့အောင်လို့ကိုနာကျင်ရတယ်လီဆာ။နင်နဲ့ငါကမတန်တာမို့ ငါ့ကိုမေ့ပစ်လိုက်ပါလား ငါ့ထက်ကောင်းတဲ့သူကိုရွေးချယ်လိုက်ပါပြောချင်ပေမဲ့ တစ်ကယ်ရွေးလာခဲ့အခါငါမဟုတ်တော့မှာလဲအရမ်း‌စိတ်ညစ်ရတယ်လီ‌ဆာ။ငါ့ဖြစ်တည်မှုကိုအခုထိငါမယုံဘူး ဟင့်အင်းမယုံသေးဘူး။ငါနင့်ကိုချစ်နေတာကိုငါအခုထိမယုံဘူးလီဆာ
ငါမကြာခင်နငိ့ကိုမေ့သွားမှာငါသိတယ်။

Friend Zone ❣️{Completed}Where stories live. Discover now